စစ်တွေတွင် ကလေးငယ် နှစ်ဦး၌ H1N1 ထပ်မံတွေ့ရှိ

(ပထမ H1N1 တွေ့ရှိသူ ကလေးငယ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေး ၀န်ကြီးဒေါက်တာ ချမ်းသာတို့ လာရောက်ကြည့်ရှုနေစဉ်)
မောင်တော၊ သြဂုတ် ၁၆

စစ်တွေဆေးရုံကြီးတွင် H1N1 ရောဂါ ဖြစ်ပွားနေသည့် ခလေးငယ် နှစ်ဦး ထပ်မံတွေ့ရှိသည် ဟု ပြည်နယ်ကျန်းမာရေးဦးစီးမှုး ဒေါက်တာကြည်လွင် ကနိရဉ္စရာ သတင်းဌာနသို့  ပြောသည်။

ထိုခလေးငယ်နှစ်ဦးမှာ အမွှာများဖြစ်ကြပြီး စစ်တွေမြို့လမ်းမတော်မြောက်ရပ်ကွက် မှဟုသိရသည်။

'' စိုးရိမ်စရာတော့မရှိပါဘူး ကလေးငယ်နှစ်ဦးလုံးက မိန်းခလေးပါ။ အသက်က ၁၁ လအရွယ်ကလေးငယ် တွေပါ'' ဟု ဒေါက်တာကြည်လွင် က ပြောသည်။

ထိုရောဂါအား သြဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် တွေ့ရှိခဲ့သည် ဟုထပ်မံပြောသည်။

ယခုအခါ H1N1 ရောဂါတွေ့ရှိသူ စစ်တွေဆေးရုံကြီးတွင် သုံးဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
စစ်တွေတွင် ကလေးငယ် နှစ်ဦး၌ H1N1 ထပ်မံတွေ့ရှိ စစ်တွေတွင် ကလေးငယ် နှစ်ဦး၌ H1N1 ထပ်မံတွေ့ရှိ Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.