မိုးများစွာရွာသွန်းမှုကြောင့် မကွေးတိုင်းဆေးရုံဝန်းအား ကာရံထားသော အုတ်တံတိုင်းများ ပြိုကျ ပျက်ဆီး


သြဂုတ် ၂၁

မကွေးတိုင်းပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာအား ကာရံထားသော အုတ်တံတိုင်းကြီးများ သြဂုတ်လ (၂၁)ရက် ညသန်းခေါင်ယံအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မူ့ကြောင့် ပြိုကျ ပျက်ဆီးခဲ့ကြောင်းသိရသည်။

မကွေးတိုင်း ဆေးရုံဝန်းထမ်အိမ်ယာ များမှာ နှစ်ပေါင်း(၆၀)နီးပါး သက်တမ်းကြာမြင့်ခဲ့ပြီး အငယ်တန်းဝန်ထမ်းများနေထိုင်ရာ အဆောက်အဦးများမှာ ဆွေးမြေ့ ပေါက်ပြဲခြင်း အိမ်တိုင်အခြေများမရှိခြင်းများအား မိမိကုန်ကျစရိတ်ဖြင့်သာ နှစ်ပေါင်းများစွာ မိသားစုနေထိုင်နိုင်ရန် ပြုပြင်နေခဲ့ကြရပြီး (၂၀၁၄-၁၅)ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူ့ဆေးရုံဝန်းအတွင်း ဝန်ထမ်းများနေထိုင်ရန် နှစ်ခန်းတွဲ (၂၄)လုံးပါ သုံးထပ်အဆောက်အဦးဆောက်လုပ်ပေးခဲ့သော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာသော အငယ်တန်းဝင်ထမ်း မိသားစု (၄၃)ဦးမှာ တိုက်ခံသစ်များတွင်မနေရဘဲ ယခင် အဆောက်အဦးဟောင်းများတွင်သာ ပြုပြင်နေခဲ့ကျရပြီး မိုးရွာသွန်းမူ့ကြောင့် ပြိုကျပျက်ဆီး ခဲ့သော အုတ်တံတိုင်းများမှာ အငယ်တန်းဝန်ထမ်း အိမ်ယာများအား ကာရံထားခြင်းဖြစ်ကြောင်းသိရသည်။

"ညက မိုးကြီးလို့ ထကြည့်မိတော့ လိုင်းထဲမှာရေတွေ ဝင်ပြီ ဖိနပ်တွေ ပစ္စည်းတွေ မျှောသွားမှာစိုးလို့ လိုက်လံသိမ်းဆည်းနေတုန်း ဝုန်းဆိုတဲ့အသံကြီး ကြားလို့ ဘာဖြစ်တာလဲ ထကြည့်တော့ ဆေးရုံဝန်းကို အချိန်မှန် ပိတ်တဲ့ သံတားကြီး ကျိုးပျက်ပြီး အုတ်တံတိုင်းကြီး ပြိုလဲနေတာတွေ့ရပြီး ရေတွေ လိမ့်ဝင်လာလို့ ပစ္စည်းတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ သတိပေးတော့ ဝန်ထမ်းတွေ အနည်းငယ်နိုးလာပါတယ် ည(၁)နာရီလောက်ဆိုတော့ အားလုံးကအိပ်မောကျ နေတော့ သိပ်မသိကျဘူးဟု ဝန်ထမ်းတဦးက ပြောပြသည်။

ပြိုကျ ပျက်ဆီးသွားသော အုတ်တံတိုင်းများမှာ ဆောက်လုပ်ထားတာ မကြာသေးပါဘူး တာဝန်ယူဆောက်လုပ်ထားတဲ့ လေလံအောင်တဲ့ ကုမဏီ တွေအနေနဲ့ ခိုင်ခံမူ့ရှိအောင် စနစ်တကျတာဝန်ယူ ဆောက်လုပ်စေခြင်တာပေါ့ အောက်ခံဖောင်းဒေးရှင်းမြောင်း ကိုသေချာမတူးဘဲအပေါ်ယံ အနည်းငယ်နဲ့ တင်ဆောက်လုပ်ထားတော့ ဘယ်ခိုင်ခန့်နိုင်ပါမလဲ တာဝန်ရှိသူတွေအနေနဲ့လည်း လုပ်ငန်းများ မပီးခင်ကတည်းကကွင်းဆင်းလေ့လာမူ့တွေလုပ်လို့ ရေရှည်ပါရင် နိုင်ငံတော်ဘဏ္ဍာငွေ ထိခိုက်ဆုံးရှုံးမူ့နည်းတာပေါ့ဟု ဆေးရုံဝင်းနေ သူတဦးကဖြည့်စွက်ပြောပြသည်။

ပိုင်ဇေ(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးများစွာရွာသွန်းမှုကြောင့် မကွေးတိုင်းဆေးရုံဝန်းအား ကာရံထားသော အုတ်တံတိုင်းများ ပြိုကျ ပျက်ဆီး မိုးများစွာရွာသွန်းမှုကြောင့် မကွေးတိုင်းဆေးရုံဝန်းအား ကာရံထားသော အုတ်တံတိုင်းများ ပြိုကျ ပျက်ဆီး Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.