ဘူသီးတောင်မြို့နယ်တွင် ပုတ်သိုးနေသော လူသေအလောင်းတွေ့ရှိ


သြဂုတ်လ ၁၇

ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာအုပ်စု နွားရုံတောင်ကျေးရွာအနီးတွင် ပုတ်သိုးနေသော လူသေအလောင်းတစ်လောင်းကို သြဂုတ်လ ၁၇ ရက် ညနေ ၃ နာရီ အချိန်ခန့်က တွေ့ရှိခဲ့ကြောင်း နွားရုံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နွားရုံတောင်ကျေးရွာမှာ နေထိုင်သူ ဒေါ်မစောဘုနှင့် ဒေါ်လှသာစိန်တို့သည် စိုင်းဒင်ချောင်း၌ ငါးရှာရန်သွားရောက်စဉ် ထိုအလောင်းကိုတွေ့ရှိခဲ့ကြောင်း၊ အလောင်းမှာ ခေါင်းမပါသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်သေးကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

“ အလောင်းက ပုတ်ပွနေပြီး ဦးခေါင်းမပါ။ ရေမျှောသောင်တင်နေတာဖြစ်တယ်။ ”

နွားရုံတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက နွားရုံတောင်ကင်းစခန်းသို့ လာရောက်သတင်းပို့တိုင်ကြားခဲ့ရာ တပ်ကြပ် အုန်းဖေနှင့်အဖွဲ့မှ အလောင်းအား သွားရောက်ကြည့်ရူးခဲ့ရာ ယာဘက် ခြေထောက်၌ ဓါးထိုးဒဏ်ရာ ၁ တစ်ခုနှင့် ဘယ်ဖက်ခြေသလုံး ပြတ်ချဒဏ်ရာတစ်ချက် တွေ့ရှိရပြီး ယောကျာင်္းအလောင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘူးသီးတောင် နယ်ခြားစောင့် အမှတ် (၃) နွားရုံတောင်ရဲစခန်းတွင် အမူဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ချလူးအောင်၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ဘူသီးတောင်မြို့နယ်တွင် ပုတ်သိုးနေသော လူသေအလောင်းတွေ့ရှိ ဘူသီးတောင်မြို့နယ်တွင် ပုတ်သိုးနေသော လူသေအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.