အွန်လိုင်းချစ်သူနှင့် ချိန်းတွေ့ရန် စောင့်နေသော မိန်းကလေးတစ်ဦး ကားတင်ပြေးပြီး အဓမ္မပြုကျင့်ခံရ

အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မုံရွာ၊ သြဂုတ် ၉။

အွန်လိုင်းပေါ်မှ တွေ့သော ချစ်သူနှင့် ချိန်းတွေ့ရန် စောင့်နေသော စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ ဟန်လင်းရွာမှ အသက် ၂၁ အရွယ် မိန်းကလေးတစ်ဦးမှာ ကားတင်ပြေးခေါ်သွားခံရပြီး အဓမ္မပြုကျင့် ခံခဲ့ရကြောင်း ၀က်လက်မြို့မရဲစခန်းတွင် ကာယကံရှင် မိန်းကလေး၏ အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ပြီးခဲ့သောလပိုင်းက မိန်းကလေးသည် အွန်လိုင်းပေါ်မှ တွေ့သော အသက် ၂၆ နှစ်အရွယ် အမျိုးသားမှ ဟန်းလင်းရွာ အနောက်ဘက် ချဉ်ပေါင် ဘုန်းကြီးကျောင်းရှိ ဘုရားသို့ လာရောက်ရန် ချိန်းဆိုသဖြင့် သွားစောင့်နေခဲ့သည်။ ၄င်း၏ အွန်လိုင်းချစ်သူနှင့် ရင်းနှီးသော အသက် ၅၀ အရွယ်အမျိုးသားက ရောက်လာပြီး ဓားထောက်ကာ ဆိုင်ကယ်ဖြင့်ခေါ်သွားပြီးနောက် ဘင်တဲကုန်းနှင့် သခွတ္တောရွာကြား ကားလမ်းမအရောက်တွင် ကားဖြင့် ထပ်ဆင့်ခေါ်သွားခံခဲ့ရသည်။

၎င်းနောက် မိန်းကလေးကို အခန်းအတွင်း ပိတ်လှောင်ထားပြီး အွန်လိုင်းချစ်သူ အမျိုးသားရောက်လာကာ အလိုမတူပဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီး အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း မိန်းကလေး၏ တိုင်ကြားချက်အရ သိရသည်။

အဆိုပာအိမ် မှ အိမ်ရှင်ကို မိန်းကလေးမှ မေးမြန်းရာ ကယားပြည်နယ် လွိုင်ကော်မြို့သို့ မိမိရောက်နေကြောင်းသိရ၍ လွိုင်ကော်-မန္တလေးကားဖြင့် ထွက်ပြေးပြီး အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်ဟု တိုင်ချက်အရ သိရသည်။

၎င်း၏ဖြစ်ရပ်များကို မိဘများအား ပြောပြပြီး သြဂုတ်လ ၇ ရက်နေ့တွင် ၀က်လက်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

ဝက်လက်မြို့မရဲစခန်းမှ အမှုကြီးအမှတ် ၄/၁၇ ပုဒ်မ ၃၇၆/၃၆၆/၁၁၄ ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်း ရှာဖွေနေကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
အွန်လိုင်းချစ်သူနှင့် ချိန်းတွေ့ရန် စောင့်နေသော မိန်းကလေးတစ်ဦး ကားတင်ပြေးပြီး အဓမ္မပြုကျင့်ခံရ အွန်လိုင်းချစ်သူနှင့် ချိန်းတွေ့ရန် စောင့်နေသော မိန်းကလေးတစ်ဦး ကားတင်ပြေးပြီး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 17:12 Rating: 5
Powered by Blogger.