စက်တင်ဘာလမှစတင်ပြီး ရခိုင်​တစ်​ပြည်​လုံးမှ လိုင်စင်မဲ့အမြန်ယဉ်များအား အရေးယူတော့မည်


ရခိုင်ဂေဇက်၊ သြဂုတ် ၁၅

စက်တင်ဘာလမှစတင်ပြီး ရခိုင်တစ်ပြည်နယ်လုံးရှိ လိုင်စင်မဲ့အမြန်ယဉ်များ နှင့်ယာဉ်မောင်းနှင်
သူများအနေဖြင့် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်မှု မရှိသူများ အား အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ယခင်ကာလများတွင် လိုင်စင်မဲ့ယဉ်များအား ဖမ်းဆီးခြင်း၊ ဒဏ်တပ် အရေးယူခြင်းများသာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ လိုင်စင်မဲ့ယဉ်များအပြင် ယာဉ်မောင်းနှင်သူကိုပါ တစ်ပါတည်းအရေးယူ အရေးသွားမှာ ဖြစ်ကြောင်း သိရသည်။

“အရင်ကဆိုရင် လိုင်စင်မဲ့မောင်းနှင်တဲ့ ယာဉ်တွေကို ဖမ်းတယ်၊ ယာဉ်ပိုင်ရှင်ကိုကျတော့ အရေးမယူဖြစ်ဘူးလေ၊ အခုတော့ ယာဉ်ရော လူရော နှစ်ခုစလုံးကိုပါ စက်တင်ဘာလ (၁)ရက်နေ့မှ စပြီး ကျကျနန ထိထိရောက် အရေးယူ ဆောင်ရွက်သွားပါမယ်”လို့ ပြည်နယ်တာဝန်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ရဲမှူး ဥာဏ်လင်းမှ ရခိုင်ဂေဇက်သို့ ရှင်းလင်းပြောဆိုသည်။

ယခုလက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံး(စစ်တွေ)အနေဖြင့် ဒေသခံပြည်သူများ သိရှိစေရန်အတွက် အသိပေးကြေညာဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ပညာပေး ဟောပြောပွဲများကို သြဂုတ်လ ၃၁ရက်နေ့ အထိ အရှိန်အဟုန်မြင့်စွာဖြင့် ရခိုင်ပြည်နယ်အနှံ့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ အနေဖြင့်ပေါ့နော် ယာဉ်မောင်းသူတွေကို ကြိုသတိပေးချင်တာက လမ်းကူး
တဲ့အခါမှာ ကျော်တက်တာတို့ ပေါ့၊ အချက်ပေးမီးတွေ မှန်မှန်ကန်ကန် ပြဖို့ အကွေ့ အဝိုက်တွေမှာ ဆိန်ဂနယ်လ် မီးတွေကို စနစ်တကျ ပြဖို့ ပြောချင်ပါတယ်။ အခုလို လုပ်ရတာဟာလည်း ပြည်တွေကို မဖြစ်သင့်တာတွေ ကိုမဖြစ်ရအောင်ပေါ့၊ ဒီလိုစနစ်တကျ တားမြစ်ခြင်းအားဖြင့် ယာဉ်တိုက်မှုတွေလျော့နည်းလာအောင်ဖြစ်တယ်လို့” ရဲမှူး ဥာဏ်လင်းမှဆိုသည်။

အမြန်ယဉ် မောင်းနှင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန် /ဆောင်ရန် အကြောင်းအရာ များအဖြစ်တော်ဆိုင်ကယ် စီးသူတိုင်းသည် မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်ဆင်၍စီးနင်းရမည်။ ဆိုင်ကယ်ဦးထုပ်ကိုသာ ဆောင်းရမည်။ နောက်ထိုင်ခုံတွင် လူတစ်ဦးထက် လူပိုတင်မစီးရ။ ပြိုင်မစီးရ၊ အုပ်စုဖွဲ့ မစီးရ၊ အိပ်ဇောအား ပြုပြင်၍စက်သံဆူညံစွာ မမောင်းရ။ ဆိုင်ကယ်တွင် ပစ္စည်းတင်ပါက ဘေးတစ်ဖက် တစ်ချပ်ကို (၆)လက်မထက် မပိုရ၊ နောက်ဘီး၏ နောက်သို့(၁၂)လက်မထက်အစွန်းမထွက်ရ။ အမြင့်သည် ယာဉ်စီးသူ၏ ပခုံးထက်မမြင့်စေရ။စိတ်ဖြစ်စေ၊ ကိုယ်ဖြစ်စေ ယာဉ်ကို မောင်းနှင်စီးနင်းရန် သင့်တော်ခြင်းမရှိလျှင်မမောင်းရ။ ယာဉ်တစ်စီးနှင့်တစ်စီး ပြိုင်မမောင်းရ။ ယာဉ်ကို အရမ်းမဲ့ (သို့) ဘေးအန္တရယ် ဖြစ်အောင် မမောင်းရ။ အရက်/မူးယစ်ဆေးဝါး သုံးစွဲ၍မူးယစ်နေစဉ် မမောင်းရ။ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းကို လက်ဖြင့် ကိုင်မပြောရ၊ထိုင်ခုံ ခါးပတ်ရှိလျှင် ပတ်ထားရမည်၊ လောင်စာဆီ ထည့်နေစဉ် မီးပတ်၍ စက်သတ်ထားရမည်၊ ဆေးလိပ်မသောက်ရ၊ စသည့် အချက်များကိုသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ခုနှစ် အတွင်း ယာဉ်မဆင်င်မခြင် မောင်းနှင်မှုကြောင့် ကားတိုက်မှု (၁၁၉)၊ ဆိုင်ကယ်တိုက်မှု (၁၅၉)၊ ဒဏ်ရာရရှိသူ (၃၉၂) ဦး နှင့် သေဆုံးသူ(၈၂) ဦး အထိ ရှိလာကြောင်းသိရသည်။

လင်းလက်ခန့်(လခြမ်းမြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စက်တင်ဘာလမှစတင်ပြီး ရခိုင်​တစ်​ပြည်​လုံးမှ လိုင်စင်မဲ့အမြန်ယဉ်များအား အရေးယူတော့မည် စက်တင်ဘာလမှစတင်ပြီး ရခိုင်​တစ်​ပြည်​လုံးမှ လိုင်စင်မဲ့အမြန်ယဉ်များအား အရေးယူတော့မည် Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.