ရမ်းဗြဲမြို့တွင် ရွှေနှင့်ဖုန်းကဒ်အရောင်း ဆိုင်အပါအဝင် ဆိုင်(၃)ဆိုင် ဖောက်ထွင်းခံရ


ရခိုင်ဂေဇက်၊ သြဂုတ် ၁၆

ရမ်းဗြဲမြို့ အမှတ် (၁)ရပ်ကွက်မှ ကိုထင်လင်းခိုင်၏ ရွှေနှင့်ဖုန်းကဒ်အရောင်းဆိုင်နှင့် အမှတ် (၂)ရပ်ကွက်မှ ဒေါ်မတင် (ကုန်ခြောက်)နှင့် ကိုဘိုသိန်းဝင်း (သမ္မတသင်္ကန်းအရောင်းဆိုင်)
တို့ ဆိုင် (၃)ဆိုင် သြဂုတ်(၁၅)ရက်နေ့က ဖောက်ထွင်းခံရကြောင်း သိရှိရသည်။

အဆိုပါ ဖောက်ထွင်းခံမှုမှာ သြဂုတ် (၁၅)ရက်နေ့ မိုးမလင်းခင်က ဖောက်ထွင်းခံရခြင်းဖြစ်ပြီး မနက်မိုးလင်းမှ သိရခြင်းဖြစ်သည်။

``မြို့မှာ လက္ဘက်ရည်ဆိုင်က (၁၂)နာရီထိရှိနေတော့ အဲဒီဆိုင်တွေပိတ်ပြီးမှ ဖောက်ထွင်းမှု
လုပ်ကြတာ ထင်ပါတယ်။ အဓိက ကတော့ မြို့မှာ မီးမလင်းတာ ဖြစ်ပြီး (၁၂)နာရီ နောက်ပိုင်း မီးသတ်တာနဲ့လည်း ဆိုင်တယ်။ သက်ဆိုင်ရာကလည်း ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လိုပါတယ် ´´ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးမှ ပြောသည်။

အဆိုပါ​ ဖောက်​ထွင်းခံရမှု​တွင်​ ကိုထင်လင်းခိုင်ဆိုင်မှ တစ်သိန်းကျော် ၊ ကိုဘိုသိန်းဝင်းဆိုင်မှ တစ်သိန်းကျော်၊ဒေါ်မတင် ဆိုင်မှ တစ်သောင်းကျော် ဆိုင် (၃)ဆိုင် တန်ဖိုးပေါင်း နှစ်သိန်းကျော် ပါသွားကြောင်းသိရသည်။

``Laptop တစ်လုံး၊ Printer တစ်လုံးနဲ ဖုန်းတွေနဲ့ တခြားပစ္စည်းတွေလည်း ကျန်လိုက်ခဲ့ပေမယ့် ငွေဖြည့်ကဒ်တွေပါသွားတာ ပေါင်းလိုက်ရင် တစ်သိန်းကျော် ရှိပါမယ်၊ ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်လို့´´ဟု ရွှေနှင့် ဖုန်းကဒ် အရောင်းဆိုင်ပိုင်ရှင် ကိုထင်လင်းခိုင်က ပြောသည်။

ရမ်းဗြဲမြို့တွင် လွန်ခဲ့သောလခွဲခန့်က တစ်ကြိမ် ဖောက်ထွင်းမှုများရှိခဲ့ပြီး ယခုထပ်မံဖြစ်ပွါး လာသောကြောင့် ရောင်းချနေကြသူများအဖို့ စိုးရိမ်ထိတ်လန့်လျှက်ရှိကြောင်းသိရသည်။

လူထု​ဇော်​ဝင်း
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရမ်းဗြဲမြို့တွင် ရွှေနှင့်ဖုန်းကဒ်အရောင်း ဆိုင်အပါအဝင် ဆိုင်(၃)ဆိုင် ဖောက်ထွင်းခံရ ရမ်းဗြဲမြို့တွင် ရွှေနှင့်ဖုန်းကဒ်အရောင်း ဆိုင်အပါအဝင် ဆိုင်(၃)ဆိုင် ဖောက်ထွင်းခံရ Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.