အသံမိုင်းတစ်လုံး မူဆယ် ၁၀၅ မိုင်တွင်ပေါက်ကွဲ


မူဆယ် သြဂုတ် ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့  မူဆယ် ၁၀၅ မိုင် မိုင်းယုတွင် ယမန်နေ့ က ၁၅ မိုင် လုံခြုံရေးတပ်ခွဲရုံး တစ်ဖါလုံခန့် အကွာ ပြည်ထောင်စုလမ်းမကြီးဘေး ကိုက် ၅၀ ခန့် အကွာ ယဉ်ငယ် စစ်ဆေးရေးဂိတ်အနီးရှိလမ်းဘေးတွင် ပေါက်ကွဲသံကြားခဲ့ရသဖြင့် တပ်ခွဲမှူးဒုရဲမှူးဝင်ဇော်လင်း ဦးစီးအဖွဲ့နှင့် ၁၀၅ မိုင် ရဲကင်းမှူး လွှမ်းမိုးဦးစီးသော အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

ပေါက်ကွဲသံကြားရာ ကုမ္ပဏီဂိုဒေါင်များသို့ သွားသည့် လမ်းဘေးရေအိုင်ငယ်အနီးတွင် ပလပ်စတစ်အပြာစများတွေ့ရှိရသည်။

၎င်းဖြစ်စဉ်တွင် လူ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပဲ ၎င်း ပလပ်စတစ် အအပြာစများကို ခမရ ၁၀၃ မှ တာဝန်ရှိသူများနှင့်စစ်ဆေးခဲ့ရာ အသံမိုင်းတစ်လုံး ဟု ယူဆရကြောင်းသိရှိရပါသည်။

အားသစ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အသံမိုင်းတစ်လုံး မူဆယ် ၁၀၅ မိုင်တွင်ပေါက်ကွဲ အသံမိုင်းတစ်လုံး မူဆယ် ၁၀၅ မိုင်တွင်ပေါက်ကွဲ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.