ကော့သောင်းမြို့ အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ထိုင်းငါးဖမ်း စက်လှေတစ်စင်း ဖမ်းဆီးရမိ


နေပြည်တော် ၈-၈-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့ အနီးရှိ မြန်မာ့ပင်လယ် ပြင်အတွင်း တပ်မတော် (ရေ)မှ တပ်မတော် သားများပါဝင်သော စစ်ရေယာဉ်သည် ပင်လယ်ပြင်လုံခြုံရေး ဆောင်ရွက်စဉ် သြဂုတ် ၆ ရက်နံနက် ၂ နာရီခွဲခန့် တွင် ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၀ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် စက်လှေတစ်စင်းအား တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ ထိုင်းစာတန်းနှင့် အင်္ဂလိပ်အက္ခရာ AM 1462 A ပါ ထိုင်းငါးခိုး ၀ါးလတ်လှေ တစ်စင်းကို မြန်မာအမျိုးသား ဦးထွန်းရှိန် (ဘ) ဦးသောင်းပုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူနှင့် စက်လှေအား ကော့သောင်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily/
ကော့သောင်းမြို့ အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ထိုင်းငါးဖမ်း စက်လှေတစ်စင်း ဖမ်းဆီးရမိ ကော့သောင်းမြို့ အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ထိုင်းငါးဖမ်း စက်လှေတစ်စင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.