မိခင်​​ဈေး​ရောင်းသွား​နေစဉ်​ ဖခင်​၏​ပေါ့ဆမှု​ကြောင့် အမွှာညီအကို က​လေး၂ဦး ​ရေနစ်​​သေဆုံး


ပေါင်​ သြဂုတ်​၂၄

မိခင်​ဖြစ်​သူက ငါး​ရောင်းရန်​ ​နေအိမ်​မှထွက်​သွားစဉ်​ ဖခင်​နဲ့အတူ ထားခဲ့​သော အမွှာညီအစ်​ကို က​လေး ၂ဦး မှာ အိမ်​​ရှေ့​ သောက်​​ရေကန်​ထဲ၌​ ရေနစ်​​သေဆုံး​နေ​သည့် အမှုဖြစ်​စဉ်​တခု
ပေါင်​မြို့နယ်​ အလှပ်​​ကျေးရွာတွင် ​ဖြစ်​ပွားခဲ့သည်​။

သြဂုတ်​လ၂၄ ရက်​ မနက်​၈နာရီခန့်​က ငါး​ရောင်းရာ မှပြန်​လာသူ မခင်​မိုး ၄၀ နှစ်​ အလှပ်​​ကျေးရွာ ​နေသူသည် ​မိမိ၏သား၂​ယောက်​ကို ရှာမ​တွေ့ရသဖြင့် အိမ်​​ပေါ်တွင်​ အိပ်​​ပျော်​​နေသည့်
ခင်​ပွန်း ဦးကွန်​သား အားနှိုး၍ရှာ​ဖွေကြစဉ်​၊ အလှပ်​ရွာ သာမညကွင်းအမှတ်​ ၈၄၀ လယ်​ကွင်းရှိမိမိ​နေအိမ်​​ရှေ့မှ ​ပေ၄၀×​ပေ၄၀ အနက်​၃​ပေ ခန့်​ရှိ ​သောက်​​ရေကန်​ထဲတွင်​ ၂နှစ်​နှင့်၂လသားအရွယ်​ အမွှာညီအစ်​ကို က​လေး၂ဦးအား​ သေဆုံးလျှက်​​တွေ့ရသည်​ဟု သိရသည်​။

အဆိုပါ က​လေး​ရေနစ်​​သေဆုံးရခြင်းနဲ့ ပတ်​သက်​၍ ရဲထံဆက်​သွယ်​​မေးမြန်းခဲ့စဉ်​ " အုပ်​ချုပ်​​ရေးမှုးဖုန်းဆက်​သတင်းပို့လို့ ကျ​နော်​တို့​ရောက်​သွား​တော့ က​လေးအ​လောင်း​တွေက အိမ်​​ပေါ်​ရောက်​​နေပြီဗျ က​လေးအ​ဖေက ဒီ​နေ့မှပဲအိပ်​​ပျော်​သွားတယ်​လို့ ​ပြောတယ်​​ ရေကန်​မှာ​ ရေခတ်​တဲ့အခါတံတားထိုးထားတယ်​ က​လေး​တွေက အဲ့တံတားက​နေ​ဆော့ ကစားရင်း​ရေထဲကျပြီးဆုံး
သွားတဲ့အ​နေအထားပါ"ဟု အလှပ်​နယ်​​မြေရဲစခန်းမှုးရဲအုပ်​တင့်လွင်​က ပြန်​လည်​​ဖြေဆိုသည်​။

သေဆုံးသူက​လေး၂ဦးအမည်​မှာ အာကာထွန်းနှင့် အာကာထက်​တို့ဖြစ်​ပြီး အသက်​ ၂နှစ်​ ၂လ (ဘ) ဦးကွန်​သားဖြစ်​သည်​ က​လေး၂ဦး​သေဆုံးမှုနှင့် ပတ်​သက်​၍​ ပေါင်​ရဲစခန်း၏ ​သေမှု​သေခင်းအမှတ်​စဉ်​ ၄၂/၂၀၁၇ ဖြင့်​ သြဂုတ်​၂၄ ရက်​ည​နေ ၄ နာရီအချိန်​ အမှုဖွင့်​ကာ ရဲအုပ်​တင့်​လွင်​ ကစစ်​​ဆေး​နေ​ကြောင်း ရဲမှတ်​တမ်းများအရ သိရသည်​။

Paung Daily
https://www.facebook.com/paungdaily/
မိခင်​​ဈေး​ရောင်းသွား​နေစဉ်​ ဖခင်​၏​ပေါ့ဆမှု​ကြောင့် အမွှာညီအကို က​လေး၂ဦး ​ရေနစ်​​သေဆုံး မိခင်​​ဈေး​ရောင်းသွား​နေစဉ်​ ဖခင်​၏​ပေါ့ဆမှု​ကြောင့် အမွှာညီအကို က​လေး၂ဦး ​ရေနစ်​​သေဆုံး Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.