တောင်​ကုတ်​မြို့နယ်​၊ စွပ်​ပစ်​ ​ကျေးရွာအနီး ကုန်​ကားတစ်​စီး တိမ်း​မှောက်


ရခိုင်​​ဂေဇက်​၊ သြဂုတ်​ ၂၅

တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာအုပ်စု၊ စွပ်ပစ်ကျေးရွာအနီးတွင် သြဂုတ် ၂၄ရက် နံနက် ၇း၃၀နာရီအချိန်ခန့်က တောင်ကုတ် မှပြည် သို့ သွားသော ကုန်တင်ကားကြီးတစ်စီး တိမ်းမှောက်ပြီး ကားမောင်သူဒရိုင်ဘာ သေဆုံးသွားခဲ့ ကြောင်းသိရသည်။

အဆိုပါကုန်တင်ကားမှာ ယာဉ်အမှတ်2J/2835၊ (NISSAN-UD)အမျိုးအစား ၆ဘီးကားဖြစ်ပြီး ဆန်အိတ်(၁၅၀)နှင့် အခြားဝန်ပစ္စည်းများတင်ဆောင်၍ တောင်ကုတ်မှ ပြည်သို့လာစဉ် စွပ်ပစ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၄၉/၅)တွင် ဘရိတ်ပေါက်ကာယာဘက်ပေ၃၀၀ခန့်အနက်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရှိရသည်။

“လမ်းဘေးမှာရှိတဲ့ နွားနှစ်ကောင်ကိုအဲဒီကားက ဝင်တိုက်လိုက်တာ တစ်ကောင်သေဆုံးပြီးနောက်တစ်ကောင်က ဒဏ်ရာရရှိသွားပါတယ်။ ယာဉ်မောင်းသူဦးသိန်းစိုးအသက်(၃၁)နှစ်ကတော့ဦးခေါင်းဒဏ်ရာရရှိပြီးသေဆုံးသွားပါတယ်”ဟု တောင်ကုတ်မြို့နယ်မှူး ဦးကိုကိုဦးကအတည်ပြုပြောကြားသည်။


“ယင်းအပြင် အဆိုပါကုန်ကားနှင့်လိုက်ပါသူ နှစ်ဦးထဲကယာဉ်နောက်လိုက် ခိုင်ခန့်အောင်
အသက်(၁၉)နှစ်မှာ ယာဘက်ချိုစောင်းပေါက်ပြဲဒဏ်ရာနဲ့ လက်နှစ် ဖက်ပွန်းပဲ့ ရောင်ရမ်းဒဏ်ရာရရှိသွားပြီး၊ တောင်ကုတ်မြို့နယ်၊နတ်ကန်ကျေးရွာ မှလမ်းကြုံလိုက်ပါလာသူ ထွန်းထွန်းဝင်း
အသက်(၃၁)နှစ်မှာ ဘယ်ဘက်ပေါင်ကျိုးသွားပြီး ခန္ဓာကိုယ်နာကျင်ဒဏ်ရာများနှင့် တောင်ကုတ်
ဆေးရုံမှာ ဆေးကုသမူခံယူနေပြီး စိုးရိမ်စရာ အခြေအနေမရှိကြောင်း”လည်း တောင်ကုတ်မြို့နယ်မှူး ဦးကိုကိုဦးက ဆိုသည်။

ယခုလက်​ရှိ​တောင်ပုံကြီးရဲကင်းစခန်းမှူးရဲအုပ်ခင်မောင်ထွေးနှင့်အဖွဲ့မှ ချောက်အတွင်းမှကုန်
ကားအားပြန်လည်ဆယ်ယူရန် ကြိုးစားလျှက်ရှိနေကြောင်းသိရသည်။

ဆောင်းဇာခြည်​၊ ခိုင်​သန္တာ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
တောင်​ကုတ်​မြို့နယ်​၊ စွပ်​ပစ်​ ​ကျေးရွာအနီး ကုန်​ကားတစ်​စီး တိမ်း​မှောက်​ ​တောင်​ကုတ်​မြို့နယ်​၊ စွပ်​ပစ်​ ​ကျေးရွာအနီး ကုန်​ကားတစ်​စီး တိမ်း​မှောက်​ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.