တောင်ဥက္ကလာတွင် ကရိန်းယာဉ်က ဓာတ်တိုင်များကို တိုက်မိမှုဖြစ်ပွား



ရန်ကုန် သြဂုတ် ၂၅

တောင်ဥက္ကလာပမြို့နယ် (၃)ရပ်ကွက် ဝေဇယန္တာလမ်းနှင့် ၁၃ လမ်းထိပ်ရှိ 6.6KVA ၁ဝ မီတာ ကွန်ကရစ် ဓာတ်တိုင် တစ်တိုင်ကို ယနေ့ နံနက်၎နာရီ ၄၅ မိနစ်က ယာဉ်မောင်း(စိစစ်ဆဲ)NISSAN UD ကရိန်းယာဉ် 2B/---- မှဝင်ရောက်တိုက်မိခဲ့ပြီး ဆက်လက်မောင်းပြေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်သည် ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းဆုံမီးပွိုင့်အနီး ရှိ ၁ဝမီတာ ကွန်ကရစ်ဓာတ်တိုင်နှစ်တိုင်ကိုလည်း ထပ်မံတိုက်မိ ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်မိခဲ့သည့်အတွက် 6.6KVA ၁ဝမီတာ ကွန်ကရစ် ဓာတ်တိုင်သုံးတိုင် အောက်ခြေကျိုးကြေပျက်စီး၊ တိုင်ယိုင်လဲ၊ လိုင်း ကြိုးများပြုတ်ကျကာ ဆွဲအားကြောင့် လမ်းတစ်ဖက်ခြမ်းရှိ ခရိုင် စည်ပင်ရုံးရှေ့200KVA TR ၏ နှစ်တိုင်စင်ယိုင်စောင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ၃၊၄၊၅၊၆ ရပ်ကွက်လမ်းအချို့တွင် ယာယီ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဓာတ်အားအမြန်ပြန်လည်ပေးနိုင်ရေး အတွက် ဓာတ်တိုင်အစားထိုးလဲလှယ်တပ်ဆင်ခြင်းများကို သက်ဆိုင် ရာမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိန်ဝင်းနိုင်
The Union Daily
https://www.facebook.com/uniondaily.net/
တောင်ဥက္ကလာတွင် ကရိန်းယာဉ်က ဓာတ်တိုင်များကို တိုက်မိမှုဖြစ်ပွား တောင်ဥက္ကလာတွင် ကရိန်းယာဉ်က ဓာတ်တိုင်များကို တိုက်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.