ပေါက်တောမြို့နယ် ကျွဲကူးမြစ်တွင် စက်လှေပေါ်မှပြုတ်ကျ၍ တစ်ဦးပျောက်ဆုံးလျက်ရှိ


စစ်တွေ သြဂုတ် ၁၀

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျော်ရှင်ကျေးရွာမှ စစ်တွေမြို့ သို့ ဆန်အိတ်များ တင်ဆောင်ပြီး စစ်လှေပိုင်ရှင်ဦးမောင်ကြီး မောင်းနှင်လာသော စက်လှေမှာ ပေါက်တောမြို့နယ် ကျွဲကူးမြစ် ပွဲကြည့်တောင်အနီးတွင် သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် မိုးသက်လေပြင်းကျရောက်ပြီး ရေစီးကြမ်းနေခြင်းကြောင့် စက်လှေပိုင်ရှင်ဦးမောင်ကြီးမှာ တက်မကိုင်နေယင်း တက်မထိန်းနိုင်ပဲ ရေထဲသို့ ပြုတ်ကျပျောက်ဆုံးနေကြောင်း သိရသည်။

 စက်လှေပေါ်တွင် ဦးမောင်ကြီးနှင့်အတူ ဇနီးသည် ဒေါ်မဲမ၊ ဒေါ်ဝင်းမေ၊ ဦးသန်းစိန်တို့လိုက်ပါလာကြကြောင်းသိရသည်။

ဦးမောင်ကြီး ရေထဲပြုတ်ကျ ပျောက်ဆုံးနေမှုအား ပေါက်တောမြို့ရဲစခန်းနှင့် မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံသဖြင့် မြို့နယ်မီးသတ် စခန်းမှ (Speed boat)နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွယ်ကယ်ဆယ်ရေးများ လုပ်ဆောင်လျှက်ရှိပြီး စက်လှေပါ ၃ ဦးအား ကယ်ဆယ် ထားရှိကာ ပျောက်ဆုံးနေသော ဦးမောင်ကြီး အား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း
သိရသည်။

တင်ထွန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပေါက်တောမြို့နယ် ကျွဲကူးမြစ်တွင် စက်လှေပေါ်မှပြုတ်ကျ၍ တစ်ဦးပျောက်ဆုံးလျက်ရှိ ပေါက်တောမြို့နယ် ကျွဲကူးမြစ်တွင် စက်လှေပေါ်မှပြုတ်ကျ၍ တစ်ဦးပျောက်ဆုံးလျက်ရှိ Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.