ထမင်းချက်ပြုတ်ရာမှ လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


ရေတာရှည် သြဂုတ် ၁ဝ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ ၊ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ အင်ဒိုင်းကျေးရွာ တွင် သြဂုတ် ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့် ထမင်းချက်ပြုတ်ရာကတဆင့် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အင်းဒိုင်းကျေးရွာ ရွာလယ်လမ်းပိုင်းနေ ဒေါ်မြင့်မြင့်ကြည် ၅၁ နှစ်သည် သားမက်ဖြစ်သူ ကိုသန်းဇော် ၂၇ နှစ်၏နေအိမ် မီးဖိုခန်းအတွင်း ထမင်းအိုတည်ခဲ့ပြီး နောက် ၄င်းနေအိမ်ကိုပြန်သွားခဲ့ကြောင်း အဆိုပါ မီးဖိုမှ ထင်းမီးများကတဆင့် ဝါးထရံကိုစတင်လောင် ကျွမ်းခဲ့ပြီးနောက် အနီးရှိ ကိုဝင်းဇော်ဦး ၏ နေအိမ်ကိုပါ ကူးစက်လောင်ကျွမ်း ခဲ့ပါသည်။

 မီးလောင်ကျွမ်းချိန် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီး၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံကျေးရွာသားများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြ၍ အခြားလူနေအိမ်များကိုကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ပဲ ၃x၄ ပင်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာလူနေအိမ်နှစ်လုံးသာ ပျက်စီးဆုံးရှုံးခဲ့၍ မီးကိုပေါ့ဆစွာသုံးစွဲသူ ဒေါ်မြင့်မြင့်ကြည် အား ရေတာရှည်မြို့မရဲစခန်းတွင် (ပ)၃ဝ၉/၂ဝ၁၇ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်းသိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထမင်းချက်ပြုတ်ရာမှ လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား ထမင်းချက်ပြုတ်ရာမှ လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.