ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်ကနေ ထွက်သွားဖို့ တောင်းဆို

ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ရဟန်းသံဃာတော်တွေ ဦးဆောင်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန္ဒထုတ်ဖော်နေစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာအခြေစိုက်ပြီး အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေ ကို လာမယ့်သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားထွက်ခွာသွားပေးဖို့ စစ်တွေမြို့မှာရှိတဲ့ သံဃာတော်တွေနဲ့ ဒေ သခံတွေက ပြည်နယ်အစိုးရကနေတစ်ဆင့် မနေ့က တောင်းဆို လိုက်ပါတယ်။

သံဃာတော်တွေနဲ့ မြို့ခံတွေက ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံပြီး တောင်းဆို ခဲ့တာလို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့် ရှောက်ရေးရဟန်းတော်များအဖွဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မိက ကမိန့်ပါတယ်။

ပြည်နယ်အစိုးရတာဝန်ရှိသူတွေဘက်ကတော့ ဒီကိစ္စကို ပြည်ထောင်စုအစိုးရထံ တင်ပြပေးမယ် ဆိုတဲ့အကြောင်း သံဃာတော်တွေကို ပြန်လည်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားတွေနဲ့ မွတ်ဆ လင်တွေအကြား နှစ်ဘက်မျှတအောင် အကူအညီတွေပေးဖို့ အစိုးရနဲ့သဘောတူ ထားပေမယ့်လည်း အမှန်တကယ် လက်တွေ့မှာ မွတ်ဆလင်တွေကိုသာ အဓိကထားကူညီနေ တာကြောင့် အခုလို အားလုံးထွက်သွားပေးဖို့ တောင်း ဆိုရတာလို့လည်း ဦးဓမ္မိက ကမိန့်ပါတယ်။

လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မတိုင်မီ ဒီတောင်းဆိုချက်အပေါ် အစိုးရဘက်က တစ်စုံတစ်ရာ တုန့်ပြန်မှုမရဘူး ဆိုရင် လူထုဆွေးနွေးမှုတွေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း မိန့်ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် အတွင်းမှာလှုပ်ရှားနေတဲ့ မွတ်ဆလင် အကြမ်းဖက်သမားတွေအပေါ် သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ အကူအညီတွေ ပေးနေတယ်ဆိုပြီး အဲဒီအဖွဲ့အစည်းတွေ အားလုံးကိုနှင်ထုတ်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၅ ခုလောက်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်ကနေ ထွက်သွားဖို့ တောင်းဆို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်ကနေ ထွက်သွားဖို့ တောင်းဆို Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.