ခင်ဦးမြို့နယ် ပင်တင်းကျေးရွာ၌ မီးလောင်မှုဖြစ်


(သြဂုတ်-၁၉)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ပင်တင်းကျေးရွာ၌ သြဂုတ်(၁၉)ရက် နံနက်(၂)နာရီ(၁၀)မိနစ်ခန့်က နေအိမ် မီးဖိုဆောင်နှင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ပင်တင်းကျေးရွာနေ ဒေါ်မြလှိုင်(၈၄)နှစ်(ဘ)ဦးကျော်ဝ ၏ နံကပ် နှစ်ထပ် သုံးခန်း လေးခန်းနေ အိမ်တစ်လုံး၏မြောက်ဘက်ရှိ နှစ်ခန်းပတ်လည် မီးဖိုချောင်အဆောင်မီးကြွင်းမီးကျန်မှစတင်လောင်ကျွမ်းခဲ့ပါသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ခြောက်သိန်းခြောက်သောင်းခန့် ရှိပါသည်။

မီးငြိမ်းသတ်ကား(၃)စီးဖြင့်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရွာသူရွာသားများ(၂၀၀)ဦးခန့်ပူးပေါင်းငြိမ်းသတ်မှုကြောင့် နံနက်(၂)နာရီ(၅၀)မိနစ်တွင် အပြီးငြိမ်းသတ်နိုင်ခဲ့သည်။

၎င်းဖြစ်နှင့်ပတ်သက်၍ ခင်ဦးမြို့မရဲစခန်းမှ(ပ)၃၈၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အဆိုပါဒေါ်မြလှိုင် အား အမှုဖွင့် အရေးယူဆောင်ထားကြောင်း သိရသည်။

Chit San
ခင်ဦးမြို့နယ် ပင်တင်းကျေးရွာ၌ မီးလောင်မှုဖြစ် ခင်ဦးမြို့နယ် ပင်တင်းကျေးရွာ၌ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.