အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်


သြဂုတ် ၂၇၊ ၂၀၁၇။

မောင်တောမြို့နယ် မြင်းလွတ်မြို့တွင် ယာယီလုပ်ငန်းဖြင့် ရောက်ရှိနေသော မောင်တောမြို့ (၄) ရပ်ကွက်နေ ဟိန္ဒူ ဘာသာဝင် မိသားစု ၁၂ ဦးသည် သြဂုတ် ၂၆ ရက် ည ၁၁ နာရီတွင် မြင်းလွတ်မြို့မှ မောင်တောမြို့သို ပြန်လာစဉ် မြို့သူကြီး ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ ခရိုင်တရားရုံးပေါ်သို့ တက်ပြေး ပုန်းရှောင်ခဲ့သည်။


ထိုသို့ ပုန်းရှောင်စဉ် ကြိုတင်ရောက်ရှိနေသည့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဟိန္ဒူဘာသာဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နှင့် ကလေး ၃ ဦးတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား အမျိုးသမီး ၂ ဦးမှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကလေးငယ် ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ မိုင် အထက်တန်းကျောင်း စုရပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

သေဆုံးသွားသူများအား မောင်တာ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး၊ လေးမိုင်စခန်းသို့ ရောက်ရှိနေသော ဟိန္ဒူ ဘာသာဝင် ၆ ဦးမှာ ယနေ့နံနက် ၆ နာရီတွင် ဆွေမျိုးများရှိရာ ဘူးသီးတောင်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ် အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ် Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.