ထောင်နှင့်ချီသော ရခိုင်တိုင်းရင်းသားများ ကျေးရွာများကို စွန့်ခွာထွက်ပြေး


နိရဉ္စရာ၊ သြဂုတ် ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျေးလက်ဒေသများမှ ရခိုင် တိုင်းရင်းသား များသည် ဘင်္ဂလီအကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

မောင်တောတောင်ပိုင်းမှ ခရေမြိုင်၊ ကိုင်းကြီး၊ မောရ၀တီ၊ ကင်းချောင်း၊ သရေကုန်ဘောင်၊ မောရ၀တီမှ လူပေါင်း ၂၀၀၀ ကျော်သည် မောင်တောတောင်ပိုင်း ရဲတပ်ရင်း အမှတ် (၄) တွင် ခိုလုံနေကြရသည်ဟု သိရှိရသည်။

လုံခြုံရေး မရှိ ဝေးလံသော ကျေးရွာများတွင် နေထိုင်နေကြသည့် တိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများမှာ လမ်းတွင် ပိတ်မိနေပြီး တောထဲတွင် ပုန်းခိုနေကြရကြောင်း သတင်းရရှိသည်။


မောင်တောရဲတပ်ရင်း (၄) တွင် ရောက်ရှိနေသူ ပညာရေးဝန်ထမ်း ဦးခင်ထွန်းမှ “ဒီနေရာမှာ ကျနော်တို့ အားကိုးရာမဲ့ဖြစ်နေပါတယ်။ ပြည်နယ်အစိုးရထံမှလည်း ကူညီမယ့် အကြောင်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ပြောသံလည်း မကြားရသေးဘူး။ ဒီမှာ ပိတ်မိနေတာ ၂ ရက်ရှိနေပါပြီ”ဟု အဆိုပါ ရွာသားက ပြောသည်။

၎င်းစခန်းတွင် ခိုလုံနေစဉ် ကျေးရွာသားများအနေဖြင့်လည်း ဘင်္ဂလီ အကြမ်းဖက်များ တက်လာပါက ၀ိုင်းဝန်းကာကွယ်ရန် နယ်ခြားစောင့်ရဲအရာရှိမှ ပြောကြား ထားကြောင်း၊ မိမိတို့မှ သေနတ်လည်း မပစ်တတ်ကြောင်း၊ ပါလာသည်မှာ ဓါးများ ဖြစ်ကြောင်း၊ တစ်ချို့တွင် ဓါးတောင် ကောင်းကောင်း မပါကြောင်း၊ ယခင်က ပင် အစိုးရ ၀န်ထမ်းများနှင့် ကျေးရွာသာများကို စစ်သင်တန်းပေးထားပါ ယခုလို အချိန်မျိုးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးတွဲ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သူက ပြောကြားသည်။

“ဒီမှာ စားရ သောက်ရတာ အဆင်မပြေပေမယ့် ပြသနာမရှိဘူး။ ဒါပေမယ့် လူမျာတော့ နက်ဖန် သန်ဖက်ဆိုရင် ကျန်းမာရေး အခက်အခဲတွေ ဖြစ်လာ နိုင်ပါတယ်။ အစိုးရထံမှလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောဆို ကူညီမှု မရှိသေးပါဘူး”ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

အလယ်သံကျော်ကျေးရွာမှ မိသားစုများသည် အလယ်သံကျော် စခန်းတွင်လည်းကောင်း၊ ကျောက်ပန္ဒူကျေးရွာများသည် ကျောက်ပန်းတူ စခန်းတွင်လည်းကောင်း၊ မောင်တောမြောက်ပိုင်း နံသာတောင်ကျေးရွာသားများသည် တောင်ပြို လက်ဝဲတွင်လည်းကောင်း၊ ကျေးရွာအတော်များများသည် ထိုကဲ့သို့ နီးစပ်ရာ တပ်စခန်းရှိရာတွင် ခိုလုံနေကြရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ထရိန်ကျေးရွာ လုံခြုံရေး အကူအညီလိုအပ်နေပြီး ကျေးရွာသားများမှာ ထမင်းမစာရးဘဲ ဖြစ်နေကြောင်း၊ နီးစပ်ရာ လုံခြုံမည့်နေရာသို့ ရွေ့ပြောင်းချင်နေကြသည်ဟု သိရသည်။

(တောထဲတွင် ထွက်ပြေးခိုလုံနေကြသော ကျေးရွာသားများကို တောထဲတွင် တွေ့ရစဉ်/ ဓာတ်ပုံ- ဝေဟင်အောင်)
Narinjara
https://www.facebook.com/Narinjara
ထောင်နှင့်ချီသော ရခိုင်တိုင်းရင်းသားများ ကျေးရွာများကို စွန့်ခွာထွက်ပြေး ထောင်နှင့်ချီသော ရခိုင်တိုင်းရင်းသားများ ကျေးရွာများကို စွန့်ခွာထွက်ပြေး Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.