အကြမ်းဖက်တိုက်ပွဲများအတွင်း လက်နက်ဆုံးရှုံးမှုနှင့် သိမ်းဆည်းရမှုစာရင်းထုတ်ပြန်


နိရဉ္စရာ၊ သြဂုတ် ၃၁

သြဂုတ် ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ဆုံးရှုံးခဲ့ရသည့် လက်နက်ငယ် အရေအတွက်မှာ စုစုပေါင်း ၁၀ လက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆုံးရှုံးခဲ့ရသည့် လက်နက်များမှာ ဘီအေ ၉၄ သေနတ်ငါးလက်၊ ၁၂ ဗို့သေနတ် နှစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး တစ်လက်၊ ဘီအေ ၆၃ သေနတ်တစ်လက်၊ အမ်အေ-၁၁ တစ်လက် စုစုပေါင်း လက်နက်ငယ် ၁၀ လက်ဆုံးရှုံးထားကြောင်း သိရသည်။

ဆုံးရှုံးထားသည့် ကျည်ဆံများမှာ ၇ ဒသမ ၆၂ ကျည်တောင့် ၁၄၀၀၊ ၅ ဒသမ ၅၆ ကျည်၂၅ တောင့်၊ ကျည်အိမ် တစ်ခု၊ အီနာဂါဗုံးသီးခြောက်လုံး၊ ပလတ်စတစ် ဗုံးသီး ငါးလုံး၊ ဆက်သွယ်ရေးစက်တစ်လုံးနှင့် ကျည်အိမ် တစ်ခုတို့ဆုံးရှုံးခဲ့သည်။

အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း မော်တော်ယာဉ် နှစ်စီး မီးရှို့ခံရပြီး လက်လုပ်ဗုံးများ၊ မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ငါးစီးပျက်စီးခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လုပ်သေနတ်လေးလက်၊ ပွိုင့် ၂၂ သေနတ်တစ်လက်၊ တူမီးသေနတ် နှစ်လက်၊ ပွိုင့် ၂၂ သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၇၇တောင့်၊ လှံ ၆၄ ချောင်း၊ ဓါး ၂၇ ချောင်း၊ လက်လုပ်မိုင်း ခုနှစ်လုံး၊ ၀ါယာကြိုး ခြောက်ထုပ်၊ ၀ါယာကြိုး သုံးခွေ၊ စိတ်ကြွဆေး ၃၁ ပြား၊ ဆေးဝါးမျိုးစုံ ခုနှစ်အိတ်၊ ဆန်နှစ်အိတ်၊ လက်ကိုင်စကားပြောစက်တစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
အကြမ်းဖက်တိုက်ပွဲများအတွင်း လက်နက်ဆုံးရှုံးမှုနှင့် သိမ်းဆည်းရမှုစာရင်းထုတ်ပြန် အကြမ်းဖက်တိုက်ပွဲများအတွင်း လက်နက်ဆုံးရှုံးမှုနှင့် သိမ်းဆည်းရမှုစာရင်းထုတ်ပြန် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.