အရက်မူးပြီး ဓားဖြင့်ဝင်ခုတ်သောကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကံဆောင်ကျေးရွာနေ ကိုထွန်းနိုင်(၄၅)နှစ်သည် မိသားစုနှင့်အတူ ထမင်းစားနေစဉ် ယောက်ဖဖြစ်သူ ဦးဝင်းထိန်(၅၅)နှစ်သည် အရက်မူးရောက်ရှိလာပြီး ဆဲဆိုနေသောကြောင့် မဆဲ ဆိုရန်ပြောဆို၍ နေအိမ်သို့ပြန်လွှတ်လိုက်သဖြင့် ပြန်သွားခဲ့သည်။

 ထို့နောက် ဝင်းထိန်သည် အရိုး အသွား(၁၆)လက်မခန့် ဓားမတစ်ချောင်းကိုင်ဆောင်ကာ ထပ်မံရောက်ရှိလာပြီး ကိုထွန်းနိုင်နှင့် ဇနီးဖြစ်သူ မမာဝင်း တို့အား ဓားဖြင့်ခုတ်ရာ ကိုထွန်းနိုင်တွင် လည်ပင်း၌ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး မမာဝင်းတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဦးဝင်းထိန် အား စလေနယ်မြေရဲစခန်း(ပ)၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အရက်မူးပြီး ဓားဖြင့်ဝင်ခုတ်သောကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ အရက်မူးပြီး ဓားဖြင့်ဝင်ခုတ်သောကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.