ဝမ်းတွင်းမြို့နယ်၌ သောက်သုံးရေတွင်းများအတွင်း အဆိပ်ပိုးသတ်ဆေးများ ထည့်မှုဖြစ်ပွား


ဝမ်းတွင်း သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကန်သစ်ကျေးရွာ တွင် သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ကျေးရွာနေ ပြည်သူများသောက်သုံးရေအဖြစ် အသုံးပြုနေသောရေတွင်း နှစ်တွင်းထဲသို့ အဆိပ်ပိုးသတ်ဆေးခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘုရားစုကျေးရွာအုပ်စု ကန်သစ်ကျေးရွာ နေ ဦးဇော်လွင်သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်း အနီး အောင်မင်္ဂလာရေကန်အောက်ရှိ ဘုရားစုကျေးရွာမှ အိမ်ထောင်စု ၂ဝဝ ခန့် သောက်သုံးရေအသုံးပြုနေသော အများသုံးရေတွင်းနှစ်တွင်းမှ ရေသွားရောက်ခပ်ယူရာ ရေများသည် အဖြူရောင်အဖြစ်ပြောင်းလဲနေပြီး အနံ့များ ရကာ ရေတွင်းအနီး၌လည်း ပိုးသတ်ဆေးဘူးခွံငါးဘူး တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ သည်။ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ရေတွင်းနှစ်တွင်းမှာ တစ်တွင်းနှင့် တစ်တွင်း ပေ ၁ဝဝ ခန့်သာ ကွာဝေးကြောင်း၊ ရေတွင်းများအတွင်းGolden Key ကုမ္ပဏီက ထုတ်လုပ် သော ရွှေဆိုက်ပါ ပိုးသတ်ဆေးပလတ်စတစ်(၁ဝဝစီစီ)ပါ ဘူးသုံးဘူးကို ရေးတွင်းများအတွင်း တွေ့ရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေတွင်းနှစ်တွင်းရှိရေများ အား ဝမ်းတွင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက အသုံးမပြု ကြရန်နှင့် ရေစုပ်စက်ဖြင့်စုပ်ထုတ်ကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်အသုံးပြုခွင့်ပေး မည်ဖြစ်သည်။ ရေတွင်းများအတွင်းသို့ ပိုးသတ်ဆေးများ ထည့်ခဲ့သူကို သက်ဆိုင်ရာကစုံစမ်းလျက်ရှိကြောင်း သိရ သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဝမ်းတွင်းမြို့နယ်၌ သောက်သုံးရေတွင်းများအတွင်း အဆိပ်ပိုးသတ်ဆေးများ ထည့်မှုဖြစ်ပွား ဝမ်းတွင်းမြို့နယ်၌ သောက်သုံးရေတွင်းများအတွင်း အဆိပ်ပိုးသတ်ဆေးများ ထည့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.