မောင်တောမြို့နယ်၌ လုပ်သေနတ် အတို(၁)လက်၊ ကျည်(၂)တောင့်နှင့်‌ဓါးရှည်(၁)ချောင်းဖမ်းဆီးရမိမှု


သြဂုတ် ၈၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက် မွန်းလွဲပိုင်းက မောင်တောမြို့နယ် နယ်မြေ ၅ အတွင်းရှိ စပယ်ကုံကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လုပ်သေနတ် အတို(၁)လက်၊ ကျည်(၂)တောင့်နှင့်‌ ဓါးရှည်(၁)ချောင်းသိမ်းဆည်း ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် နယ်မြေ ၅ အတွင်းရှိ စပယ်ကုံကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။


ထိုသို့ရှင်းလင်းစဉ် ကျေးရွာအတွင်း အိမ်ထောင်စုအမှတ် ၁၇၁ တွင်နေထိုင်သည့် ရော်ဘီအူလ်ဟာဆောင်း (၂၂)နှစ်သည် ရွာလယ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ကောက်ရိုးထုံးများအား ထမ်း၍ထွက်လာသဖြင့်‌ စစ်ဆေးရန်ခေါ်ယူစဉ် ကောက်ရိုးထုံးအတွင်းမှ မသင်္ကာဖွယ်ပစ္စည်းတစ်ခု ယူဆောင် ထွက်ပြေး၍ လိုက်လံ ဖမ်းဆီးခဲ့ရသည်။

ထွက်ပြေးသွားသည့် ရော်ဘီအူလ်ဟာဆောင်သည် အိမ်ထောင်စုအမှတ် ၁၉၂ နေ အဒူကော်ရိမ်(အသက်-စိစစ်ဆဲ) ၏ နေအိမ်အတွင်း၌ ခိုအောင်းနေစဉ် အရိုးအသွား ၁ ပေခွဲခန့်ရှိ ဓါး(၁)လက်နှင့်‌ အတူ ဖမ်းဆီးရမိခဲ့သည်။


ဆက်လက်၍ အနီးဝန်းကျင်ရှိအိမ်များ အတွင်းရှာဖွေစစ်ဆေးခဲ့ရာ အိမ်ထောင်စုအမှတ် ၁၀ နေ ဆွေယော့ ဟူးဆိန်း(အသက်-စိစစ်ဆဲ) ၏ နေအိမ်အနောက် မီးဖိုချောင်အတွင်းမှ လုပ်သေနတ် အတို(၁)လက်နှင့်‌ ကျည်(၂)တောင့်၊ နေအိမ်အတွင်းမှ စစ်သုံးခါးပတ်ကြီး(၁)ချောင်းနှင့်‌ ပြောက်ကျား လွယ်အိတ်(၁)လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ရော်ဘီအူလ်ဟာဆောင်းအား ငါခူးရ နယ်မြေစခန်း၌ ခေါ်ဆောင်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ်၌ လုပ်သေနတ် အတို(၁)လက်၊ ကျည်(၂)တောင့်နှင့်‌ဓါးရှည်(၁)ချောင်းဖမ်းဆီးရမိမှု မောင်တောမြို့နယ်၌ လုပ်သေနတ် အတို(၁)လက်၊ ကျည်(၂)တောင့်နှင့်‌ဓါးရှည်(၁)ချောင်းဖမ်းဆီးရမိမှု Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.