ကျောင်းတောင်အလယ်ရွာသား အကြမ်းဖက်သမား ၁ ဦး နှင့် မျက်နှာဖုံးစွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား(၁၀)ဦးတို့မှ ကျောင်းတောင် ကျေးရွာတာဝန်ခံအား ဓားခုတ်မှုဖြစ်ပွား


သြဂုတ် ၈၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင် ၁ ဆိုင်၌ သြဂုတ် ၇ ရက်မွန်းလွဲပိုင်းတွင် ကျေးရွာအတွက် လုံခြုံရေးအစည်းအဝေးလုပ်နေစဉ် ကျေးရွာတာဝန်ခံအား အစွန်းရောက် အကြမ်းဖက်သမားများက ဓားရှည်များဖြင့် ဝိုင်းဝန်းခုတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျောင်းတောင် ကျေးရွာ တာဝန်ခံ မာမောက်ဆော်လိန်(၃၈)နှစ် သည် သြဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် စာကိုင်းကျေးရွာရှိ အီလီယက် လက်ဘက်ရည်ဆိုင်၌ ကျောင်းတောင်ရွာ ရာအိမ်မှူး၊ စာကိုင်းရွာ ရာအိမ်မှူး၊ ကျေးရွာလူကြီးများနှင့်တွေ့ဆုံပြီး ကျေးရွာလုံခြုံရေးအတွက် အစည်းအဝေး ပြုလုပ်နေစဉ် ကျောင်းတောင် အလယ်ရွာနေ အကြမ်းဖက်သမား အာလီဂျူဟတ်(၃၂)နှစ် (ဖ)အဒူခါလိတ်နှင့် မျက်နှာဖုံး စွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား(၁၀)ဦး(စိစစ်ဆဲ)တို့သည် ဓားရှည်များ ကိုင်ဆောင်ရောက်ရှိလာပြီး မာမောက်ဆော်လိန်အား ဓားများဖြင့် ခုတ်ရာ ဦးခေါင်းထိပ်/ယာနားထင်/ ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာများနှင့် ရင်ဘတ်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သည်။

ညနေ ၄ နာရီ မိနစ် ၂၀ တွင် ဒဏ်ရာရရှိသူ ကျေးရွာတာဝန်ခံအား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဓားရှည်များဖြင့် ဝိုင်းဝန်းခုတ်သည့် ကျောင်းတောင်အလယ်ရွာသား အကြမ်းဖက်သမား ၁ ဦး နှင့် မျက်နှာဖုံး စွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား ၁၀ ဦးတို့အား တောင်ဘဇာနယ်မြေစခန်းမှူး ရဲအုပ် ဦးစီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ကျောင်းတောင်အလယ်ရွာသား အကြမ်းဖက်သမား ၁ ဦး နှင့် မျက်နှာဖုံးစွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား(၁၀)ဦးတို့မှ ကျောင်းတောင် ကျေးရွာတာဝန်ခံအား ဓားခုတ်မှုဖြစ်ပွား  ကျောင်းတောင်အလယ်ရွာသား အကြမ်းဖက်သမား ၁ ဦး နှင့် မျက်နှာဖုံးစွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား(၁၀)ဦးတို့မှ ကျောင်းတောင် ကျေးရွာတာဝန်ခံအား ဓားခုတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.