ပုသိမ်မြို့တွင် ဆိုင်ခန်းပြိုကျ၍ လူများပိတ်မိမှုဖြစ်ပွား


နေပြည်တော် သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၄) ရပ်ကွက် မြေနုလမ်းနှင့် ကုန်စုံလမ်းထောင့်ရှိ '' မိဘဂုဏ်ရည် '' ကုန်မာနှင့် သစ်ရောင်းဝယ်ရေးနေအိမ်ဆိုင်တွင် သြဂုတ် ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ခန်းပြိုကျမှုကြောင့် လူများပိတ်မိမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဆိုင်ခန်းရှိ အပေါ်ထပ်၌ ပစ္စည်းများစုပုံထားရှိသည့်ဝန်ကြောင့် သစ်သားကြမ်းခင်းများပြိုကျ၍ နေအိမ်ဆိုင်ခန်းတွင် နေထိုင်သူများပိတ်မိခဲ့ပြီး ဆိုင်ခန်းအတွင်းပိတ်မိနေသူများကို မြို့နယ်မီးသတ် စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ကာ ပိတ်မိနေသူ အမျိုးသမီးသုံးဦးမှာ ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုသိမ်မြို့တွင် ဆိုင်ခန်းပြိုကျ၍ လူများပိတ်မိမှုဖြစ်ပွား ပုသိမ်မြို့တွင် ဆိုင်ခန်းပြိုကျ၍ လူများပိတ်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.