နမ့်ခမ်းမြို့ ကောင်းဝိုင်းရွာထဲတွင် လက်နက်ကြီးကျရောက် ဒေသခံ ၄ ဦး ဒဏ်ရာရ


သြဂုတ် ၁၃ရက်၊ မားနဂါး၊ နမ့်ခမ်း။

နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာ၌ ယနေ့ သြဂုတ်လ ၁၃ ရက် နံနက် ၅ နာရီခွဲအချိန်တွင် အစိုးရစစ်တပ်နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စခန်းသစ်ကုန်းမှ လက်နက်ကြီး ပစ်ကူများသည် ကျေးရွာအတွင်း ကျရောက်ကာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျကာ ရွာသား ၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"ခုထိ တိုက်ပွဲဖြစ်နေတုန်းပဲ ဒေသခံတွေ လေးယောက် ဒဏ်ရာရတယ်။ လေးယောက်လုံး ဆေးရုံရောက်နေပါပြီ။ အဲ့ထဲမှာ ကလေးတစ်ယောက်လဲပါတယ်" ဟု နမ့်ခမ်းမြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဌ ဦးမြင့်ကျော်က ပြောသည်။


ဒဏ်ရာရရှိသူများမှာ မိုင်းအောင်သိန်း ရင်ဘတ်ထိမှန်ဒဏ်ရာ ယိုင်တင်ဦး ခြေသန်းဒဏ်ရာ အနည်းငယ်၊ အေမိုင် ကျောဒဏ်ရာနှင့် လွေးစန်းစန်းမိုး (၂နှစ်ခွဲ) ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက "မနက် ၆နာရီကတည်းက စခန်းသစ်ကုန်းကနေ လက်နက်ကြီးထုနေတာ အခုထိပဲ။လက်နက်ကြီးထုနေတာက ၁၀ ချက်ထက်မနဲရှိပြီ" ဟု ဆိုသည်။

Photo- Mai Than Nyut, U Myint Kyaw
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
နမ့်ခမ်းမြို့ ကောင်းဝိုင်းရွာထဲတွင် လက်နက်ကြီးကျရောက် ဒေသခံ ၄ ဦး ဒဏ်ရာရ နမ့်ခမ်းမြို့ ကောင်းဝိုင်းရွာထဲတွင် လက်နက်ကြီးကျရောက် ဒေသခံ ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.