ပုသိမ်မြို့ မြကျွန်းသာအိမ်ရာ ရေမြောင်းအတွင်း ရေဆင်းကူးသည့်ကလေး ၂ ဦး ရေနစ်သေဆုံး


(ပုသိမ်) / ဩဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြကျွန်းသာအိမ်ယာတွင် ယနေ့နေ့လည်းပိုင်းတွင် ကလေး(၂) ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့တဲ့ကလေး(၂) ဦးမှာ ပန်းညိုကုန်းရပ်ကွက်နှင့် အရှေ့ကိုးသိန်းတို့တွင် နေထိုင်သူများဖြစ်ပြီး ရဲထက်ဆိုသည့် (၈) တန်းကျောင်းသားတစ်ဦးနှင့် နောက်တစ်ဦးကတော့ ကျပန်းအလုပ်လုပ် လုပ်သူတစ်ဦးဖြစ်ကြောင်းသိရသည်။

“သေဆုံးခဲ့သည်ကလေး(၂) ဦးမှာ အသက် (၁၄)နှစ် (၁၅) နှစ်အရွယ်လောက်ရှိပြီး ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မြကျွန်းသာအိမ်ယာဘေး(ဘုရားကြီးကုန်းဘက်ဖောက်နေတဲ့ လမ်းဘက်အခြမ်း)ရေမြောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း" ရေနစ်သေဆုံးသည့်ကလေး ငယ်(၂)ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော ကရုဏာလူမှု ကူညီရေးအသင်း(ပုသိမ်)မှ ယာဉ်မောင်းဖြစ်သူမှ ဧရာဝတီတိုင်းမ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရေနစ်သေဆုံးခဲ့သည် ကလေး(၂) ဦးနှင့် ပတ်သက်၍ ဓမ္မာတာ အတိုင်းသေဆုံးမှု ဟုတ်မဟုတ် သိရှိနိုင်ရန် ပုသိမ်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၇ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သိရှိရသည်။

မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်
ဓါတ်ပုံ- အောင်ထက်ပိုင်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ပုသိမ်မြို့ မြကျွန်းသာအိမ်ရာ ရေမြောင်းအတွင်း ရေဆင်းကူးသည့်ကလေး ၂ ဦး ရေနစ်သေဆုံး ပုသိမ်မြို့ မြကျွန်းသာအိမ်ရာ ရေမြောင်းအတွင်း ရေဆင်းကူးသည့်ကလေး ၂ ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.