ဆားလင်းကြီးမြို့မှာ နှစ်(၁၅၀)ခန့် ကိုးကွယ်ခဲ့တဲ့ ကျောက်ဆင်းတုတော်တစ်ဆူ ပျောက်ဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့မှာ နှစ်(၁၅၀)ခန့်ကကိုးကွယ်ခဲ့တဲ့ ထိုင်တော်မူ ကျောက်ဆင်းတုတော်တစ်ဆူ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့က အောင်ချမ်းသာဘုရားစေတီတော် အ၀င်ပေါက် လှိုဏ်ဂူအတွင်း ကျောက်ပလ္လင်ပေါ်မှာ ကိုးကွယ်ထားတဲ့
ကျောက်ဆင်းတုတော် (၃)ဆူအနက် အလယ်ကတစ်ဆူပျောက်ဆုံး နေတာဖြစ်တယ်လို့ ဂေါပကအဖွဲ့က သိရပါတယ်။


 ဒီကျောက်ဆင်းတုတော်ပျောက်ဆုံးတာကို ဂေါပကအဖွဲ့က အခုလ(၂၀)ရက် မနက်စောပိုင်းက သိရှိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်း က အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - မျိုးဝင်းထွန်း (မုံရွာ)
5 PLUS NEWS
https://www.facebook.com/5plusnews/
ဆားလင်းကြီးမြို့မှာ နှစ်(၁၅၀)ခန့် ကိုးကွယ်ခဲ့တဲ့ ကျောက်ဆင်းတုတော်တစ်ဆူ ပျောက်ဆုံး ဆားလင်းကြီးမြို့မှာ နှစ်(၁၅၀)ခန့် ကိုးကွယ်ခဲ့တဲ့ ကျောက်ဆင်းတုတော်တစ်ဆူ ပျောက်ဆုံး Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.