တောင်ပြိုနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် ပိတ်မိနေသည့် လူ ၆၀ နီးပါး အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေ

(တောင်ပြိုခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် ပိတ်မိနေသည့် လူ ၆၀ ။ ဓါတ်ပုံ - DMG)
သြဂုတ်လ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ၊၊    ။  ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တောင်ပြိုမြို့ပေါ်တွင် ဆရာ၊ ဆရာမများအပါဝင် ဌာနဆိုင်ရာနှင့် အရပ်သား စုစုပေါင်း ၆၀ နီးပါးမှာ ပိတ်မိနေသည့်အတွက် အရေးပေါ်ကူညီကယ်ဆယ် ရေးတွေ လိုအပ်လျှက်ရှိကြောင်း သိရသည်။

တောင်ပြိုမြို့ပေါ်တွင် တာဝန်ကျနေသည့် ဆရာ၊ ဆရာများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများမှာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တောင်ပြိုမြို့ နယ်ခြားစောင့်ရဲစခန်းသို့ ပြောင်းရွေ့နေကြရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းကိုပါ အကြမ်းဖက်ဘင်္ဂါလီများက လာရောက်တိုက်ခိုက်သည့်အတွက် ဗုံးခိုကျင်းအတွင်၌ ပုန်းခိုနေကြရပြီး ပိတ်မိနေကြောင်း တောင်ပြိုမြို့ပေါ်တွင်တာဝန်ကျနေသည့် အမည်မဖေါ်လို သူ ဆရာတစ်ဦးကပြောသည်။

“ အခုကျွန်တော်တို့ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းထဲက ဗုံးခိုကျင်းထဲမှာပါ၊ ဘင်္ဂါလီတွေက စခန်းကို တိုက်လိုက် ခွာလိုက်နဲ့လုပ်နေကြတယ်၊ ဒီစခန်းကိုဝိုင်းထားတဲ့ပုံစဉ်မျိုးပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမ စုစုပေါင်း ဒီမှာ ၂၀ ကျော်ရှိတယ်၊ အဲဒီထဲ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄ ဦးပါတယ်။ ကလေး၆ ဦးပါတယ်။ ကျန်တဲ့ဌာနဆိုင်ရာတွေနဲ့ဆိုရင် လူ ၆၀ နီးပါးရှိပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့တောင်ကုန်းဟာ နောက်ဆုံးတောင်ကုန်းလည်းဖြစ်တယ်” ဟု ပြောသည်။


လက်ရှိအချိန်ထိ တိုက်ပွဲများမှာ ကြိုကြားကြိုကြားဖြစ်ပွာနေပြီး ပုန်းခိုနေသည့် ဝန်ထမ်းများနှင့် အရပ်သားများမှာ ညနေ့ဖက် စီးနင်းတိုက်ခိုက်လာမည်ကို အထူးစိုးရိမ်နေကြပြီး သက်ဆိုင်များအနေဖြင့် အမြန်ဆုံးကယ်ထုတ် ပေးရန်လိုအပ်နေကြောင်းလည်းသိရသည်။

“ အဓိတော့ ၂၀၁၂ ခုနှစ်က အရေးအခင်းတုန်းကဆိုရင် ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ဆီကို ရဟတ်ယာဉ်တွေနဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်လာတယ်။ အခုကျွန်တော်တို့အားလုံးဟာ အကျဉ်းအကျပ်ထဲမှာ ပိတ်မိနေတာ တောင်ကူညီမယ့်သူတွေမလာဘူး။ ဒီကထွက်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံပါတယ်၊ ညဆိုရင် ကျွန်တော်တို့ အခြေအနေကမလွယ်ပါဘူး။ ဒီမှာ အမျိုးသမီးတွေကလည်း ငိုနေကြပါပြီ။ ” ဟုလည်း ၄င်းကပြောသည်။

ယင်းအပြင် မောင်တောဒေသရှိ တိုင်းရင်းသားများမှာ အကြမ်းဖက်မှုရန်ကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့ လာနေကြပြီး ညအချိန်အကြမ်းဖက်သမားများ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မည်ကို အဓိက စိုးရိမ် လျှက်လည်းရှိကြသည်။

နေရောင်မင်း(စစ်တွေ)
Development Media Group
http://www.dmediag.com
တောင်ပြိုနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် ပိတ်မိနေသည့် လူ ၆၀ နီးပါး အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေ တောင်ပြိုနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် ပိတ်မိနေသည့် လူ ၆၀ နီးပါး အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေ Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.