တရားခံပြေး ၁ ဦး၊ BDပြေး(၂)ဦးနှင့် အကြမ်းဖက်သမားများနှင့် ပူးပေါင်းသူ(၁)ဦးဖမ်းဆီးရမိ


သြဂုတ် ၂၃၊၂၀၁၇

ဘူးသီးတောင်မြို့နယ် ဂုပ္ပိကျေးရွာ ၌ BDပြေး၂ ဦးရောက်ရှိနေကြောင်း သတင်းအရ သြဂုတ် ၂၁ ရက် မွန်း လွဲ ၁ နာရီတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးရာ ဘူးသီးတောင်မြို့နယ် ဂုပ္ပိကျေးရွာနေ ဟူမာယုခ်ခေါ်ဘီ(၄၆)နှစ် ပါ(၂)ဦးအား ၎င်းတို့နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး တောင် ဘဇာနယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၂ ရက် ညနေ ၆ နာရီတွင် မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာနှင့် ရွာသစ်ကျေးရွာအကြား ကားလမ်းပေါ်၌ နူရာမိန် အသတ်ခံရမှုနှင့် ပတ်သက်သည့် အမှုမှ တရားခံပြေး ရွာသစ်ကေကျေးရွာနေ ဖွေယာဇူအစ္စလာမ်(ခ)ဖွေရာဇူလာ(၃၅)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး မကျီးချောင်း နယ်မြေစခန်း၌ စစ်ဆေးလျက်ကြာင်း သိရသည်။


ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြ ဂုတ် ၂၂ ရက် ညနေ ၃ နာရီတွင် မောင်တောမြို့နယ် ရေနောက်ငါးသား(မြောက်)ရွာ၌ အကြမ်းဖက်အဖွဲ့များ ၊မတရားအသင်းအဖွဲ့များနှင့် ဆက်သွယ်နေသူများရှိကြောင်း သတင်းအရ စုံစမ်းရှာဖွေခဲ့ရာ ရေနောက်ငါးသား(မြောက်)ရွာနေသူ ရော်ရှီအာမောက်(ခ)အိန်ဂျယ်ရှော်ရှီ (၄၈)နှစ်အား လက်ကိုင်ဖုန်း(၁)လုံးနှင့်အတူ တွေ့ရှိ၍ ဖုန်းအား စစ်ဆေးရာ သြဂုတ် ၂၀ ရက် နံနက် ၃နာရီ၄၄ တွင် ရဲတပ်ဖွဲ့ဝင်များလှုပ်ရှားမှု၊ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှု၊ သတင်းပေးသူများ၏ လှုပ်ရှားမှုများအား ဒေါင်းကျေးရွာနေ အဘူကာလောင် (၂၇)နှစ် ပါ(၂) ဦးထံသို့ ဆက်သွယ်သတင်းပေးပို့ထားကြောင်း တွေ့ရှိသဖြင့် ရော်ရှီအာမောက် (ခ) အိန်ဂျယ်ရှော်ရှီအား နယ်မြေ(၂)ရုံးတွင် စစ်ဆေးလျက်ရှိကြောင်းနှင့် အောင်ဇူနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

( နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
တရားခံပြေး ၁ ဦး၊ BDပြေး(၂)ဦးနှင့် အကြမ်းဖက်သမားများနှင့် ပူးပေါင်းသူ(၁)ဦးဖမ်းဆီးရမိ တရားခံပြေး ၁ ဦး၊ BDပြေး(၂)ဦးနှင့် အကြမ်းဖက်သမားများနှင့် ပူးပေါင်းသူ(၁)ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.