မောင်တောမြို့နယ်၌ ကျးရွာအုပ်ချုပ်ရေးမှူး ၁ ဦး လည်လှီးသတ်ဖြတ်ခံရ

 မောင်တောမြို့နယ်၌ ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး သတ်ဖြတ်ခံရ
သြဂုတ် ၂၃၊၂၀၁၇

မောင်တောမြို့နယ် နယ်မြေ ၆ ဇူလ ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူးအား သြဂုတ် ၂၂ ရက် ည ၆ နာရီခွဲတွင် အကြမ်းဖက်သမား ၂၅ ဦးခန့် က ဓားဖြင့်လှီးသတ်ခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ဇူလ ကျေးရွာအုပ်ချုပ်ရေးမှူး ဟာကူရာမာန် (၃၆) နှစ် (ဖ) ဦးဘာဆေးက ၎င်း၏ နေအိမ်သို့ ဓားရှည်၊ လှံများကိုင်ဆောင်ကာ နဖူးတွင် အနက်ရောင်ပိတ်စများ စည်းထားသော အကြမ်းဖက်အဖွဲ့ဝင် ၂၅ ဦးခန့် ရောက်ရှိလာကြောင်း တာဝန်ရှိသူများထံသို့ ဖုန်းဖြင့် သတင်းပို့ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ည ၇ နာရီခန့်တွင် ဇူလကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ရှေ့သို့ ရောက်ရှိစဉ် အရှေ့ဘက်နှင့် အနောက်ဘက် လယ်ကွင်းများအတွင်း အကြမ်းဖက်သမား ၆ ဦးခန့် ထွက်ပြေးသွားသည်ကို တွေ့ရှိသဖြင့် လက်နက်ငယ်ဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့သည်။

ပူးပေါင်းအဖွဲ့သည် နေအိမ်အတွင်း ၀င်ရောက်စစ်ဆေးရာ ဟာကူရာမာန်သည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မေးမြန်းစုံစမ်းရာ အကြမ်းဖက်အဖွဲ့ဝင် ၂၅ ဦးခန့် အနက် ၁၀ ဦး ခန့်သည် နေအိမ်ပေါ်တက်၍ အခန်းနံရံအား ချိုးဖျက်ဝင်ရောက်ကာ ဓားဖြင့်လှီးသတ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် အဆိုပါကျေးရွာ ပတ်ဝန်းကျင်အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မောင်တောမြို့နယ်၌ ကျးရွာအုပ်ချုပ်ရေးမှူး ၁ ဦး လည်လှီးသတ်ဖြတ်ခံရ  မောင်တောမြို့နယ်၌ ကျးရွာအုပ်ချုပ်ရေးမှူး ၁ ဦး လည်လှီးသတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.