ရခိုင်ပြည်နယ် တိုက်ခိုက်မှု စိုးရိမ်ကြောင်း ကိုဖီ အာနန်နဲ့ AI ပြောကြား

ရခိုင်ပြည်နယ် တိုက်ခိုက်မှု စိုးရိမ်ကြောင်း ကိုဖီ အာနန်နဲ့ AI ပြောကြား
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ Kofi Annan ကိုဖီအာနန် က ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် အထူးစိုးရိမ်ပူပန်ရတယ်လို့ ပြောကြားပြီး ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်လိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသက်ဆုံးပါးရတာကို ကြားသိရတဲ့အတွက် ၀မ်းနည်းပါတယ်လို့လည်း ပြောပြီး ဒီတိုက်ခိုက်မှုဟာ စိုးရိမ်စရာကောင်းတဲ့ အကြမ်းဖက်မှုအရှိန်ဖြစ်တယ်လို့လည်း ပြောပါတယ်။

အသိုင်းအ၀ိုင်းနဲ့ အုပ်စုတွေအားလုံး အကြမ်းဖက်မှုကို လက်မခံဖို့လည်း မစ္စတာကိုဖီအာနန်က အထူးတလည်တိုက်တွန်းလိုက်ပါတယ်။

အလားတူ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေအကြမ်းဖက် အတိုက်ခိုက်ခံရဟာ အကြမ်းဖက်မှုအရှိန်မြင့်လာတဲ့ အန္တရာယ် တရပ်ဖြစ်ပြီး အထူးသဖြင့် မကြာခင်ကပဲ ဒေသတွင်း တင်းမာမှုတွေ ရေဆူမှတ်ထိ ရောက်နေချိန်မှာ ခုလိုဖြစ်ပွားတာဟာ ရခိုင်ပြည်နယ်က သာမန်ပြည်သူတွေဘေး အန္တရာယ် ကျရောက်နိုင်တဲ့ အကြောင်း AI- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှုအဖွဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Josef Benedict က မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့ကြောင့် ကာယကံရှင်အားလုံး အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းနေကြပြီး သာမန်လူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာကို အကာကွယ်ပေးဖို့ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ဒီ ရာဇ၀တ်မှုလုပ်ရပ်တွေကို သေသေချာချာ ထိထိရောက်ရောက် အမြန်ဆုံးစုံစမ်းရမယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရခိုင်ပြည်နယ် တိုက်ခိုက်မှု စိုးရိမ်ကြောင်း ကိုဖီ အာနန်နဲ့ AI ပြောကြား ရခိုင်ပြည်နယ် တိုက်ခိုက်မှု စိုးရိမ်ကြောင်း ကိုဖီ အာနန်နဲ့ AI ပြောကြား Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.