အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၅


မောင်တောဒေသအတွင်းရှိ ရဲကင်းစခန်းများအား စုပေါင်းခြင်း

နေပြည်တော်၊ သြဂုတ် ၂၅

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့ တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ဦး ပေါင်း ၁၂ ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက် ၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် အင်အားအလုံးအရင်းဖြင့် ရဲကင်း စခန်းငယ်များအား ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်း မပြုလုပ်နိုင်ရန်အတွက် ရဲကင်းစခန်းငယ်များမှ လုံလောက်သော အင်အားဖြင့် ပြန်လည်ခုခံနိုင်ရန် နှင့် ထပ်မံအကြမ်းဖက်ခံရမှု မဖြစ်ပွားစေရန်အတွက် ရဲကင်းစခန်း ၂၃ ခုအား အောက်ဖော်ပြပါ ကင်းစခန်း/ နယ်မြေ စခန်းများသို့ သွားရောက်ပူးပေါင်းခဲ့ပါ သည်-

(၁) ဦးလှဖေစခန်း နယ်မြေ (၁၀) မှ ကင်းချောင်းစခန်း နယ်မြေ (၁၀) သို့
(၂) ဆေးရိုးကျစခန်း နယ်မြေ (၁၀) မှ ဖုံညိုလိပ် စခန်း နယ်မြေ (၁၀) သို့
(၃) ၃ မိုင်စခန်း နယ်မြေ (၈) မှ မြင်းလွှတ် နယ်မြေ (၈) သို့
(၄) ဂျင်းတော စခန်း နယ်မြေ (၈) မှ ကျောက်ပန္တု(နတလ) နယ်မြေ (၉) သို့
(၅) ဇော်မတက် စခန်း နယ်မြေ (၇) မှ ကိုင်းကြီးစခန်း နယ်မြေ (၇) သို့
(၆) ဘဂုံးနားစခန်း နယ်မြေ (၇) မှ နိုရူလာစခန်း နယ်မြေ (၇) သို့
(၇) ဆာလေ စခန်း နယ်မြေ (၂) မှ အောင်ဇူ စခန်း နယ်မြေ (၂) သို့
(၈) ဇီးပင်ချောင်း စခန်း နယ်မြေ (၄) မှ ဇီးပင်ချောင်းဝ စခန်း နယ်မြေ (၄) သို့
(၉) ဝက်ကျိန်း စခန်း နယ်မြေ (၄) မှ မင်းကြီး စခန်း နယ်မြေ (၄) သို့
(၁၀) ကျောက်ချောင်းချောင်းဝစခန်း နယ်မြေ (၄) မှ ကျွန်းပေါက်ချောင်းဝစခန်း နယ်မြေ (၄) သို့
(၁၁) ထန်းချောင်း စခန်း နယ်မြေ (၄) မှ လိပ်ရ စခန်း နယ်မြေ (၄) သို့
(၁၂) သက်ကိုင်ညှာ စခန်း နယ်မြေ (၂) မှ တမန်းသား စခန်း နယ်မြေ (၂) သို့
(၁၃) ကျီးကျွန်း စခန်း နယ်မြေ (၃) မှ နံ့သာတောင် ချောင်းဝ စခန်း နယ်မြေ (၃) သို့
(၁၄) နံ့သာတောင် စခန်း နယ်မြေ (၃) မှ နံ့သာတောင်ရွာ နယ်မြေ (၃) သို့
(၁၅) သာယာကုန်း နယ်မြေ (၃) မှ သင်္ဘောလှ စခန်း နယ်မြေ (၃) သို့
(၁၆) လက်ယာချောင်း စခန်း နယ်မြေ (၂) မှ မင်္ဂလာညွှန့်စခန်း နယ်မြေ (၂) သို့
(၁၇) ကျောက်ပြင်ဆိပ် စခန်း နယ်မြေ (၆) မှ ပြင်ဖြူ၊ ဇင်ပိုင်ညာ၊ လဘောဇား စခန်းများ နယ်မြေ (၆) သို့
(၁၈) ညောင်ပင်လှ စခန်း နယ်မြေ (၁၁) မှ မီညိုထောင့် စခန်း နယ်မြေ (၁၁) သို့
(၁၉) ဥဒေါင်းတံတား စခန်း နယ်မြေ (၈) မှ ဥဒေါင်း(နတလ) စခန်း နယ်မြေ (၈) သို့
(၂၀) သင်္ဘောကွေ့ စခန်း နယ်မြေ (၉) မှ အင်းဒင် စခန်း နယ်မြေ (၉) သို့
(၂၁) ချိန်ခါလီ စခန်း နယ်မြေ (၈) မှ အလယ်သံကျော်နယ်မြေရုံး နယ်မြေ (၈) သို့
(၂၂) ကျွဲရိုင်း စခန်း နယ်မြေ (၁၀) မှ ကျောင်းတောင် စခန်း နယ်မြေ (၁၀) သို့
(၂၃) မောင်နီ စခန်း နယ်မြေ (၆) မှ POE စခန်း နယ်မြေ (၆) သို့

ထိုကဲ့သို့ ရဲကင်းစခန်းများအား နီးစပ်ရာကင်းစခန်းများသို့ ပူးပေါင်းခြင်းသည် အစွန်းရောက် အကြမ်းဖက်သမားများ၏ ဝင်ရောက်တိုက်ခိုက်စီးနင်းခံရမှုကြောင့် စခန်းများအား ဆုတ်ခွာခဲ့ခြင်း မဟုတ်ဘဲ ထပ်မံ၍ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်လာပါက ကင်းစခန်းများတွင် လုံလောက်သော အင်အားဖြင့် ပြန်လည်တုံ့ပြန်ခုခံနိုင်ရန်အတွက် နှင့် တိုင်းရင်းသားကျေးရွာများအား လုံလောက်သော လုံခြုံမှုပေးနိုင်ရန်အတွက် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၅ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၅ Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.