ပင်လယ်ကမ်းခြေတွင် ကွန်တိန်နာနှစ်လုံးနှင့်အတူ ဂတ်စ်အိုး(၆၅၉)လုံးတွေ့ရှိ


ဟိုင်းကြီးကျွန်း ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့ ဖောင်တိုးကျေးရွာအုပ်စု ရှိပင်လယ်ကမ်းခြေတွင် ဇူလိုင်လ(၂၉)ရက်နေ့က ကွန်တိန်နာ နှစ်လုံးနှင့် အတူ ဂတ်စ်အိုးအခွံ(၆၅၉)လုံးအား ဒေသခံများကတွေ့ရှိ၍ အုပ်ချုပ်ရေး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နီးစပ်ရာပင်လယ်ရေလွတ်သည့်နေရာများတွင် ယာယီထိန်းသိမ်းထားရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟိုင်းကြီးကျွန်းမြို့ဖောင်တိုးကျေးရွာအုပ်စု ဟက်လက် ကျေးရွာသောင်ပြင်တွင် ITTU 3210647 တံဆိပ်ပါ အလျား ၁၈ ပေ၊အနံ ၁၈ ပေ၊အမြင့်၇ ပေ ရှိအပြာရောင်ကွန်တိန်နာတစ်လုံး ပင်လယ်ရေနှင့် မျောပါ၍ ကမ်းပေါ်တင်နေကြောင်း ဒေသခံ ဦးစစ်တို၊ဦးလှကြည် တို့က ဇူလိုင် (၂၉ )ရက် နံနက်(၆)နာရီအချိန်က အကြောင်းကြားသဖြင့် နယ်မြေခံရဲကင်းမှ ရဲတပ်ကြပ် မြင့်ဇော် နှင့်အဖွဲ့ရာအိမ်မှူး ဦးအာနီ၊ဆယ်အိမ်မှူး ဦးသန်းဌေးတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်
ဆေးရာ ကွန်တိန်နာအတွင်းမှ Indane တံဆိပ်ပါ လိမ္မော်ရောင် လုံးပတ် (၂၄)လက်မ၊အမြင့် (၂၅)လက်မ၊အလေးချိန် (၅)ပိသာခန့်ရှိ အရည်မပါ ဂတ်စ်အိုး(၄၅၀)လုံးအား တွေ့ရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဖောင်တိုးကျေးရွာအုပ်စု ကျောက်ချောင်း လေးသောင်ပြင် အနီး အလားတူကွန်တိန်နာတစ်လုံးအား ထပ်မံတွေ့ရှိ ထားကြောင်းသတင်းအရရဲကင်းမှူး ရဲတပ်ကြပ်မြင့်ဇော်ပါ အဖွဲ့သည် ဇူလိုင်လ (၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ဟက်လက်ကျေးရွာမှဆက်လက်ထွက်ခွာလာပြီး ကျောက် ချောင်းလေးပင်လယ် ကမ်းခြေ နှင့်ကိုက်(၁၀၀)ခန့်အကွာတွင် ကွန်တိန်နာတစ်လုံး ကျောက်တန်းနှင့်ရိုက်ခတ်၍ အဖုံးဖွင့်ကာ ဂတ်စ်အိုးများရေပေါ်မျောပါနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊အဆိုပါမျောပါ နေသော ဂတ်စ်အိုးများကို ဒေသခံများကလိုက်လံဆယ်ယူရာ ဂတ်စ်အိုး(၂၀၉) လုံးကို ဆယ်ယူရရှိထားကြောင်းသိရှိရသည်။

ဟိုင်းကြီးကျွန်းမြို့ ဖောင်တိုးကျေးရွာအုပ်စု၌ ဇူလိုင်လ(၂၉)ရက်နေ့အ
တွင်း ဟက်လက်ကျေးရွာပင်လယ်ကမ်းခြေနှင့် ကျောက်ချောင်းလေး ပင်လယ်ကမ်းခြေ တို့တွင် ကွန်တိန်နာ(၂)လုံးတွေ့ရှိခဲ့ပြီး ဂတ်စ်အိုးစုစုပေါင်း(၆၅၉)လုံးအားဆယ်ယူရရှိထားကြောင်းနှင့် ၎င်းဂတ်စ်အိုးများကို ဟက်လက်ကျေးရွာနေဦးမြတ်ထွန်း၏ နေအိမ်ခြံနောက်ဖက် သောင်စပ်တွင်လည်းကောင်း၊သဲတောင်ကျေးရွာနေ ဦးမောင်ပု၏ ပိုက်တဲတွင်လည်းကောင်း အုပ်ချုပ်ရေးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ယာယီထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပင်လယ်ကမ်းခြေတွင် ကွန်တိန်နာနှစ်လုံးနှင့်အတူ ဂတ်စ်အိုး(၆၅၉)လုံးတွေ့ရှိ ပင်လယ်ကမ်းခြေတွင် ကွန်တိန်နာနှစ်လုံးနှင့်အတူ ဂတ်စ်အိုး(၆၅၉)လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.