တောင်ပြုံးပွဲတော် ရက်ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ပြီးနောက်၊ မန္တလေးတိုင်းဝန်ကြီးချုပ် တောင်ပြုံးကျေးရွာသို့ရောက်ရှိလာ


မန္တလေး၊ ဇူလိုင် ၃၀ ။

မန္တလေးမြို့၊မြောက်ဘက်၊ တောင်ပြုံးကျေးရွာတွင် နှစ်စဉ် ကျင်းပလေ့ရှိသော တောင်ပြုံးပွဲတော်ကို ရက်ရွှေ့ဆိုင်းကြောင်းထုတ်ပြန်ပြီးနောက်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ပွဲတော်ကျင်းပရာ တောင်ပြုံးကျေးရွာသို့ရောက်ရှိလာခဲ့ကြောင်း ၀န်ကြီးချုပ်ခရီးစဉ်တွင်လိုက်ပါသတင်းရယူနေသည့်AHN သတင်းထောက်က ယနေ့ (ဇူလိုင်၃၀) ညနေ ၅း၃၀ နာရီ တွင် သတင်းပေးပို့သည်။

“ H1N1 ရောဂါကြောင့် ပွဲတော်ကို ရက်ရွှေ့ဆိုင်းတယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။ အစိုးရရုံးမှာပြောတာပါ။ ပြောပြီးတောင်ပြုံးကိုထွက်လာတာပါ။ ၀န်ကြီးချုပ်က အုပ်ချုပ်ရေးအဖွဲ့နဲ့လာတွေ့ပြီး H1N1 ရောဂါကြောင့် ပွဲတော်ကို ရက်ရွှေ့ဆိုင်းကြောင်းလာပြောတာဖြစ်ပါတယ် “ ဟု ၄င်းကပြောသည်။


တောင်ပြုံးပွဲတော် ပိတ်ခြင်းကို ကြိုဆိုကြောင်း မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

" ကျန်းမာရေးရှုထောင့် အရ ကြည့်ရင်ပိတ်သင့်ပါတယ်။ ပွဲက လူအရမ်းများတာကိုး။ မတော်တဆရောဂါဖြစ်ခဲ့ရင် ထိန်းမရမှာကို စိုးရိမ်မိပါတယ်၊" ဟု၎င်းကပြောသည်။


ပွဲတော်ကိုရွှေ့ဆိုင်းရန်မလိုအပ်ကြောင်း မန္တလေးမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

“ H1N1 ရောဂါဖြစ်ရင် ပွဲတော်ပိတ်ရမယ်လို့ အစောပိုင်းကပြောတယ်။ ဒါကိုလက်ခံပါတယ်။ ပွဲပိတ်တာတော့မဖြစ်သင့်ဘူး။ WHO ကလည်း စိုးရိမ်စရာကောင်းတဲ့အခြေအနေမဟုတ်ဘူး လို့ပြောထားတယ်။ H1N1 ရောဂါ ကိုဂရုစိုက်သင့်ပါတယ်။ သို့ပေမယ့်တောင်ပြုံးပွဲတော်ပိတ်တာကိုလက်မခံနိုင်ပါဘူး “ ဟု ၄င်းကပြောသည်။

လင်းခိုင်( AHN – MDY )
PHOTO – AHN ။
The Asia Heart News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ