တပ်မတော်စစ်ကြောင်းများက TNLA လက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်ရေးဆောင်ရွက်သည့် စခန်းပုန်းနှင့် လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ


နေပြည်တော် ဇွန် ၂၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအနီး တစ်ဝိုက် တောတွင်း တစ်နေရာ၌ TNLA လက်နက်ကိုင်အဖွဲ့က သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်း များက ၎င်းနေရာတစ်ဝိုက်အား ဇွန် ၂၀ ရက်မှ စတင်၍ နယ်မြေ ရှင်းလင်းခြင်း များ လုပ်ဆောင် ခဲ့ရာ ဇွန် ၂၁ ရက် နံနက် ၈ နာရီခန့်တွင် မန်လန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ လေ့ကျင့်ရေး ဆောင်ရွက်သည့် စခန်းပုန်းတစ်ခုကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့ကြောင်း သိရသည်။


အဆိုပါ စခန်းပုန်းနေရာ၌ အခြခံ အဆောက်အဦများဖြစ်သည့် ပေ ၄၀ ပတ်လည် ခန့်ရှိ တန်းစီကွင်း၊ သင်တန်းခန်းမဆောင် ၁ ဆောင်၊ ၎င်းခန်းမဆောင် အတွင်းမှ ၃ ဦးထိုင် ခုံတန်းရှည် ၁၂ လုံး၊ အိပ်ဆောင် ၃ လုံး၊ ထမင်းချက်ဆောင် ၁ လုံးနှင့် ထမင်းစားဆောင် ၁ လုံး စုစုပေါင်း အဆောက် အဦ ၆ လုံးနှင့် မီးစက် ၁ လုံး၊ ဒီတိုနေတာ ၁၂ ချောင်း၊ ပေ ၁၀၀ ခန့်ရှိ ၀ါယာကြိုးခွေ ၁ ခွေ၊ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်း အစုံ ၄၀၊ အစိမ်းရောင်စောင် အထည် ၂၀၊ ဂလူးကို့စ် အားသွင်းဆေးရည် အလုံး ၅၀၊ ဆေးမျိုးစုံ ဆာလာအိတ် ၂ အိတ်နှင့် ဆန်အိတ်များ၊ စားသောက်ဖွယ်ရာ များကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံရှင်းလင်းစဉ် စခန်းဝန်းကျင် တစ်ဝိုက်နှင့် အဆောက် အဦများ အကြားမှ ၄ လက်မ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရတိုက်မိုင်း ၅ လုံး၊ ၈ လက်မ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ တိုက်မိုင်း ၁ လုံးနှင့် ၅ ဂါလံဝင် ပလပ်စတစ်ပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၄ လုံးတို့ကို တွေ့ရှိ ရှင်းလင်းသက်မဲ့ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။


အလားတူ ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၎င်းစခန်းပုန်း၏ အရှေ့ ဘက်နှင့် အရှေ့တောင်ဘက် လျှိုစောင်းခြုံအတွင်းမှ ဒေသန္တရ လက်လုပ်မိုင်း ၁၃ လုံးနှင့် အလျား ၄ လက်မ၊ အနံ ၄ လက်မ၊ အမြင့် ၆ လက်မခန့်ရှိ လေးထောင့်သံပုံးဖြင့် ပြုလုပ်ထား သည့် ဒေသန္တရ လက်လုပ်မိုင်း ၄ လုံးတို့ကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့ပြီး ဇွန် ၂၆ ရက် အထိ ထိတွေ့မှု ၅ ကြိမ် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားပြီးနောက် TNLA လက်နက်ကိုင် အဖွဲ့များသည် အနောက် ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေး လှူခဲ့ကာ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၄ လောင်း၊ အမ် ၂၂ သေနတ် ၁၂ လက်၊ စက်လက် ၁ လက်၊ ကေ ၁၂ သေနတ် ၁ လက်၊ အမ် ၂၂ ဒင်ခေါက် သေနတ် ၁ လက်၊ RPG ဒုံးသီး ၂၆ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁၄ ခု၊ ၎င်းကျည် ၈၀၀ တောင့်၊ စနိုက်ပါ ကျည်အိမ် ၃ ခု၊ စာရွက်စာတမ်း မျိုးစုံ ဆာလာအိတ် ၂ ထုပ်နှင့် စစ်ဝတ်ပစ္စည်း မျိုးစုံ ဆာလာအိတ် ၁ ထုပ်တို့ကို တွေ့ရှိ သိမ်းဆည်း ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တပ်မတော်စစ်ကြောင်းများက TNLA လက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်ရေးဆောင်ရွက်သည့် စခန်းပုန်းနှင့် လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ တပ်မတော်စစ်ကြောင်းများက TNLA လက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်ရေးဆောင်ရွက်သည့် စခန်းပုန်းနှင့် လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.