Google ကို အီးယူ ဒေါ်လာဘီလျံချီ ဒဏ်တပ်

 ဈေးကွက်ကို ကြီးစိုးထားတယ်လို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်
Google အင်တာနက် ကုမ္ပဏီကြီးက သူ့ ဝက်ဆိုက်မှာ ကြော်ငြာတဲ့ ဈေးဝယ် လုပ်ငန်းတွေကို ဦးစားပေးပြီး ဈေးကွက်ကို ကြီးစိုးထားတယ်လို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးနောက် ဒဏ်ကြေး ၂ ဒသမ ၇ ဘီလျံ ဒေါ်လာ ချမှတ်လိုက်ပါတယ်။

ဒါဟာ အပြိုင်အဆိုင် ယှဉ်ပြိုင်မှုတွေဆိုင်ရာ အမှု တခု အတွက် ဥရောပ ကော်မရှင်က အမြင့်ဆုံး ဒဏ်ကြေး ချမှတ်တာ ဖြစ်ပါတယ်။

Google က ပေးနေတဲ့ ဝန်ဆောင်မှုတွေမှာ မမျှမတ ဖြစ်နေလို့ ပြိုင်ဖက်တွေ ထိခိုက် နစ်နာစေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပြီးနောက် အခု ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Google ကို အီးယူ ဒေါ်လာဘီလျံချီ ဒဏ်တပ် Google ကို အီးယူ ဒေါ်လာဘီလျံချီ ဒဏ်တပ် Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.