မြန်မာလုံခြုံရေး အကြံပေး ဘင်္ဂလားဒေ့ရှ် သွားမည်

မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာပြည်ပြန်ပို့ရေးကိစ္စအပါအ၀င် နှစ်နိုင်ငံ အကြား ဖြေရှင်းရခက်ခဲနေတဲ့ကိစ္စရပ်တွေအပေါ် အမြင်ခြင်း ဖလှယ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းဘင်္ဂလားဒေ့ရှ် နိုင်ငံကို နောက်သတင်းပတ်ထဲမှာ ရောက်လာဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေးဦးသောင်းထွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အာ မာမွတ်အာလီ တို့ ဇူလိုင်လ၃ရက်နေ့မှာ ဆွေးနွေးပွဲကျင်းပဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ခ်ျအရာရှိတွေကပြောပါတယ်။

ဦးသောင်းထွန်းရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ရှိခ်ဟာစီနာနဲ့ဆက်သွယ်စကားပြောဖို့လည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့လက်ရှိမြန်မာအစိုးရဟာ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ သမ္မတကို အကြံပေးတင်ပြဖို့ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေးအကြံပေးရဲ့ ရာထူးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖန်တီးခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးUNHCR ရဲ့ခန့် မှန်းချက်အရ ၂၀၁၆ခု အောက်တိုဘာလ ၉ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့နယ် မြေရှင်းလင်းရေးလုပ် ဆောင်မှုတွေကြောင့် လူနည်းစုမွတ်ဆလင် အနည်းဆုံး၇ထောင့်၎ရာလောက်အိုးအိမ်စွန့်ခွါထွက် ပြေးခဲ့ရတယ်လို့ဆိုပါ တယ်။

ရေရှည်ဖြေရှင်းရမယ့် ရိုဟင်ဂျာကိစ္စအပါအ၀င် နှစ်နိုင်ငံအကြားရှိနေ တဲ့တခြားပြဿနာတွေ ဖြေရှင်းရေးမှာ တိုးတက်မှုတွေဖြစ်ပေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်ကလိုလားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိကပြော ပါတယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီလတုန်းကလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဘင်္ဂလား ဒေ့ရှ်ကို စေလွှတ် ခဲ့ပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေဌာနေပြန်ခေါ်ရေးကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေဖို့ ရှင်းလင်းပြတ် သားတဲ့ အခွင့် အာဏာမရှိခဲ့ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက သတင်းထောက်တွေကိုပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြန်မာလုံခြုံရေး အကြံပေး ဘင်္ဂလားဒေ့ရှ် သွားမည်  မြန်မာလုံခြုံရေး အကြံပေး ဘင်္ဂလားဒေ့ရှ် သွားမည် Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.