အငှားယာဉ်အားအသုံးပြုကာ ခရီးသည်များထံမှ ရွှေထည်ပစ္စည်းများ၊ ငွေနှင့် လက်ကိုင်ဖုန်းများအား လုယက်သူများကို ဖမ်းဆီးရမိ

အငှားယာဉ်အားအသုံးပြုကာ ခရီးသည်များထံမှ ရွှေထည်ပစ္စည်းများ၊ ငွေနှင့် လက်ကိုင်ဖုန်းများအား လုယက်သူများကို ဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၁၉

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦး --- သည် ဇွန်လ ၄ ရက်နေ့ နံနက် ၃ နာရီ
ခွဲအချိန်ခန့်တွင် ဇနီးဖြစ်သူနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေး
ပြေးဝင်းမှ မင်္ဂလာတောင်ညွန့်မြို့နယ်နေအိမ်သို့ပြန်ရန်အတွက်
ယာဉ်မောင်း နှင့်အတူအမျိုးသား လူငယ် ၃ ဦးတို့ လိုက်ပါသော အငှား
ယာဉ်အားငှားရမ်း၍ ယာဉ်နောက်ခန်းမှစီးနင်းလိုက်ပါ လာစဉ် နံနက် ၎
နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဆွံ့အနားမကြား
ကျောင်းအကျော် လမ်းကွေ့သို့ အရောက် ယာဉ်အားရပ်ကာခေါင်းခန်းတွင်
လိုက်ပါလာသော လူငယ်တစ်ဦးမှ ဇနီးဖြစ်သူဘက်မှ ကားတံခါးအားဖွင့်၍
ချုပ်ထားပြီး ယာဉ်မောင်းမှ ဇနီးဖြစ်သူဝတ်ဆင်ထားသော ရွှေလက်စွပ် ၃
ကွင်းအား ဆွဲချွတ်နေသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်း
ခံစဉ် ၎င်းတို့ ၃ ဦးမှ လက်သီးဖြင့်ထိုး၊ တံတောင်ဖြင့် တွတ်သဖြင့် ဖူးရောင်
နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ဇနီးဖြစ်သူဝတ်ဆင်ထားသော ရွှေလက်စွပ် ၃
ကွင်း တန်ဖိုးငွေ ကျပ် (၃)သိန်း၊ ငွေကျပ်(၆)သိန်းထည့်ထား သောလက်ဆွဲ
အိတ်(၁)လုံး၊ ဆင်းကတ်ပါကီးပက် လက်ကိုင်ဖုန်း(၁) လုံး၊ တန်ဖိုးငွေ
ကျပ်(၁၅၀၀၀)တို့အား လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွား
သဖြင့် ၎င်းတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ တာမွေမြို့မရဲ
စခန်း(ပ)၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များက မင်္ဂလာဒုံမြို့နယ်၊
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ
အဆိုပါအငှားယာဉ်မောင်းဖြစ်သူ ကျော်ဇင်ဦး(ခ)ဘိုဘိုမှာ အခင်းဖြစ်ပွား
ပြီးနောက် အဝေးပြေးကားဝင်းအတွင်းသို့ အငှားယာဉ် လာရောက်
မောင်းနှင်ခြင်းမရှိကြောင်းနှင့် ၎င်းမှာ သာကေတမြို့နယ်မှ CC----
Pro Box အငှားယာဉ်အား ငှားရမ်းမောင်းနှင်သူဖြစ်ကြောင်းသိရှိရသဖြင့်
ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၅ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်
တွင် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ Junction 8 ကုန်တိုက်
အနီးရှိ အငှားယာဉ်ဂိတ်မှ ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သည့် ၎င်း၏
ညီတော်စပ်သူ ကျော်မင်းခန့်(ခ)အငယ်လေးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ကျော်ဇင်ဦး(ခ)ဘိုဘိုနှင့် ကျော်မင်းခန့်(ခ)အငယ်လေးတို့အား
စစ်ဆေးရာ ၎င်းတို့ ၂ ဦးသည် အခင်းဖြစ်နေ့က င၀င်း(စုံစမ်းဆဲ)နှင့်အတူ
အဆိုပါအမှုအားကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး အခြားလုယက်မှုများ
ကျူးလွန်ထားခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့သည် ဇာကြီး
(စုံစမ်းဆဲ)၊ ထင်လင်းခန့်(ခ)ထင်ကြီး (စုံစမ်းဆဲ)တို့နှင့် အတူ မတ်လနှင့်
မေလများအတွင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့်
ဗဟန်းမြို့နယ်များအတွင်း ညအချိန်များတွင်လှည့်လည် သွားလာကာ
၎င်းတို့၏အငှားယာဉ်အား ငှားရမ်းစီးနင်းသူခရီးသည်များထံမှ ရွှေထည်
ပစ္စည်းများနှင့် လက်ကိုင်ဖုန်း မျိုးစုံ(၇)လုံးတို့အား အသီးသီးလုယက်ယူ
ဆောင်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ကျော်ဇင်ဦး(ခ)ဘိုဘိုနှင့် ကျော်မင်းခန့်(ခ)
အငယ်လေးတို့အား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်
ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများပြန်လည်သိမ်း
ဆည်းနိုင်ခဲ့သည့်အပြင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ
င၀င်း၊ ဇာကြီးနှင့် ထင်လင်းခန့်(ခ)ထင်ကြီးတို့အား ဖမ်းဆီး ရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
အငှားယာဉ်အားအသုံးပြုကာ ခရီးသည်များထံမှ ရွှေထည်ပစ္စည်းများ၊ ငွေနှင့် လက်ကိုင်ဖုန်းများအား လုယက်သူများကို ဖမ်းဆီးရမိ အငှားယာဉ်အားအသုံးပြုကာ ခရီးသည်များထံမှ ရွှေထည်ပစ္စည်းများ၊ ငွေနှင့် လက်ကိုင်ဖုန်းများအား လုယက်သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.