အရှေ့တရုတ် လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း လေစိုင်ဝဲနှင့် ရင်ဆိုင်ခဲ့ရမှုကြောင့် ခရီးသည် ၂၆ဦး ဒဏ်ရာရရှိ


ပေကျင်း ၁၉-၆-၂၀၁၇

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့သို့ ယနေ့ ပျံသန်းနေသော အရှေ့တရုတ် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေစိုင်ဝဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ကြောင့် လေယာဉ်ပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၂၆ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အရှေ့တရုတ် လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် အစ်ယူ-၇၄၄ ခရီးသည်တင် လေယာဉ်သည် ကူမင်းမြို့တော် ချန်ရွှီးလေဆိပ်သို့ ဆင်းသက်ရန် ပြင်ဆင်နေချိန်တွင် လေစိုင်ဝဲရိုက်ခတ်မှုဖြင့် ရင်ဆိုင်ခဲ့ ရခြင်းဖြစ်သည်။

ယင်းလေစိုင်ဝဲနှင့် ရင်ဆိုင်ခဲ့ရ ခြင်းကြောင့် အဆိုပါ ခရီးသည်တင် လေယာဉ်သည် မူလသတ်မှတ်ချိန်ထက် တစ်နာရီနောက်ကျပြီးမှ ချန်ရွှီးလေဆိပ်သို့ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

လေစိုင်ဝဲနှင့် ရင်ဆိုင်နေရစဉ် လေယာဉ်သည် မကြာခဏမြောက် တက်ခဲ့ရပြီး ခရီးဆောင်အိတ်များ ပြုတ်ကျမှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် ခရီးသည် ၂၆ဦးအနက်လေးဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း အရှေ့တရုတ် လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း အရှေ့တရုတ် လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် တစ်စင်းသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တော်မှ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ ပျံသန်းနေစဉ် လေယာဉ်အင်ဂျင်အုံ၌ အပေါက် တစ်ပေါက် ဖြစ်ပေါ်ခဲ့မှုကြောင့် ဆစ်ဒနီမြို့သို့ ပြန်လှည့်၍ အရေးပေါ်ဆင်းသက် ခဲ့ရကြောင်း သိရသည်။

Pyi Chit Thar
https://www.facebook.com/Pyi-Chit-Thar
အရှေ့တရုတ် လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း လေစိုင်ဝဲနှင့် ရင်ဆိုင်ခဲ့ရမှုကြောင့် ခရီးသည် ၂၆ဦး ဒဏ်ရာရရှိ အရှေ့တရုတ် လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း လေစိုင်ဝဲနှင့် ရင်ဆိုင်ခဲ့ရမှုကြောင့် ခရီးသည် ၂၆ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.