စန်းလုရွာအနီး စွန်ပစ်ထားသာ မွေးကင်းစအရွယ် မိန်းကလေးတစ်ဦး တွေ့ရှိ


တာချီလိတ် ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ စန်းလုရွာလမ်းခွဲအနီး စွန်ပစ်ထားသော အသက် ခုနှစ်ရက်ခန့်ရှိ မိန်းကလေးတစ်ဦး အသက်ရှင်လျက် တွေ့ရှိပြီး ဆေးဝါး ကုသပြုစုလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှ ဇွန် ၁၅ ရက် ညနေ ၄ နာရီခွဲအချိန်က တာချီလိတ်-မိုင်းဆတ်ကားလမ်းမ၏ အရှေ့ဘက်လမ်းဘေး လွယ်တော်ခမ်းအုပ်စု၊ စန်းလုရွာလမ်းခွဲအနီး ကလေး ငယ် တစ်ဦး၏ ငိုသံကြားရကြောင်းကို ခရီးသွားပြည်သူ တစ်ဦးဖြစ်သူ ဦးအားငိုက တွေ့ရှိ၍ သတင်းပေးပို့လာသဖြင့် မြို့မစခန်းမှူး ဒုရဲမှူး ထိန်လင်း၊ တာဝန်မှူး ဒုရဲအုပ် ကျော်ဇေယျာဝင်း၊ နယ်ထိန်းတပ်ကြပ်ကြီးအောင်စိုးမိုးတို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အသက် တစ်ပတ်ခန့်သာရှိသေးသည့် မွေးကင်းစ မိန်းကလေး ငယ် တစ်ဦးအား ပိတ်စဖြင့် ပတ်ထားကာ အသက်ရှင်လျက် မြက်ခင်းပေါ်တွင် စွန့်ပစ်ထားကြောင်း တွေ့ရှိရသဖြင့် လိုအပ်သော ဆေးဝါးကုသပြုစုမှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့ခဲ့ကြောင်းသိရသည်။

ကလေးငယ်အား စွန့်ပစ်ခဲ့သူ မိဘအုပ်ထိန်းသူများအား စုံစမ်းဖော်ထုတ်နိုင်ရန် တာချီလိတ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စန်းလုရွာအနီး စွန်ပစ်ထားသာ မွေးကင်းစအရွယ် မိန်းကလေးတစ်ဦး တွေ့ရှိ စန်းလုရွာအနီး စွန်ပစ်ထားသာ မွေးကင်းစအရွယ် မိန်းကလေးတစ်ဦး တွေ့ရှိ Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.