နယ်ကျော်ပြီး ဆိုင်ကယ်လုယက်သူနှစ်ဦးကို သံတွဲမြို့ နယ်ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းစီးရမိ

(ဖမ်းဆီးရမိသော ညီအစ်ကိုနှစ်ယောက်။ ဓါတ်ပုံ - သံတွဲရဲစခန်း/DMG)
ဇွန်လ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲ (DMG) ။   ။  ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့ နယ်က ရွှေလှေကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမားကို လည်ပင်းအား ကတ်ကြေးဖြင့်ထိုးပြီး ဆိုင်ကယ်လှယက်ထွက်ပြေးသွားသည့် ပြစ်မှုကျူလွန်းသူနှစ်ဦးကို ဇွန် ၁၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်ခန့်က သံတွဲမြို့ နယ်အပိုင် ဆင်ခေါင်းကျေးရွာမှာ ဖမ်းစီးရမိခဲ့ကြောင်း DMG မှ ကနဦးသတင်းရရှိသည်။

''လုယက်သူ နှစ်ယောက်က ညီအစ်ကိုတွေ သူတို့ဟုတ်ပါတယ်လို့ ဝန်ခံထားတယ်။ လောလောဆယ်မှာ သူတို့ကို စစ်စေးနေတယ်'' လို့ သံတွဲမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဌေးအောင်က DMG သို့ ပြောသည်။

ဆိုင်ကယ်လုယက်သူနှစ်ဦးမှာ တောင်ကုတ်မြို့ ကျောက်တောင်ဆိပ်ရက်မှဖြစ်ပြီး အဘဦးမောင်ရွှေသန့်၏သား အောင်သူစိုး ၂၅ နှစ် အောင်သူရ ၁၇ နှစ်တို့ဖြစ်ကြောင်း သံတွဲမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။ အဆိုပါလှယက်မှုကို သံတွဲမြို့ ခရိုင်ရဲမှူး၏ ညွန်ကြားချက်ဖြင့် သံတွဲမြို့ နယ်ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း စုံစမ်းဖော်ထုတ်ဖမ်းစီး ရမိခဲခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမြို့ နယ်တွင် ၂၀၁၆ ခုနှစ်က အမှုကြီး ၇ မှုဖြစ်ပွားခဲ့ပြီး ယင်း ၇ မှုမှာ လူသတ်မှု ၃ မှု၊ မုဒိမ်းမှု ၃ မှု၊ ခိုးမှု ၁ မှု ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၁၇ နှစ်တွင် လက်ရှိအချိန်အထိ အမှုကြီး ၃ မှု ဖြစ်ပွားခဲ့ပြီး ယင်း ၃ မှုမှာ လူသတ်မှု ၁ မှုနှင့် မုဒိန်းမှု ၂ မှု ရှိကြောင်း သံတွဲမြို့ မရဲစခန်းမှ စုံးစမ်းသိရှိရသည်။

ရေးသားသူ: မျိုးမြင့်ဇော်
Development Media Group
http://www.dmediag.com
နယ်ကျော်ပြီး ဆိုင်ကယ်လုယက်သူနှစ်ဦးကို သံတွဲမြို့ နယ်ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းစီးရမိ နယ်ကျော်ပြီး ဆိုင်ကယ်လုယက်သူနှစ်ဦးကို သံတွဲမြို့ နယ်ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းစီးရမိ Reviewed by THITHTOOLWIN on 05:50 Rating: 5
Powered by Blogger.