မြိတ်မြို့ တွင် လက်နက်နှင့် မူးယစ်ဆေးဝါများ ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၁)ရပ်၊ စာသင်ကျောင်းလမ်းတွင် WY မူးယစ်ဆေးဝါး (၁၁၀)ပြားနှင့် သေနတ်(၁)လက်၊ ကျည်(၆)တောင့်တို့  ဖမ်းဆီးရမိ
၁၈-၆-၂၀၁၇

(၁၈-၆-၂၀၁၇)ရက်နေ့ (၁၇၃၀)အချိန်ခန့်တွင် မြိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နှင့်အဖွဲ့ အမှတ်(၂)နယ်မြေရဲကင်းမှ ဒုရဲအုပ် ကျော်ဆန်းဦးနှင့် အဖွဲ့တို့သည် သက်သေများနှင့် အတူ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၁)ရပ်၊ စာသင်ကျောင်းလမ်းတွင် နေထိုင်သော ကျော်ဦး၏ နေအိမ်တွင် လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထိုသို့သွားရောက်ရှာဖွေရာ ကျော်ဦး (၄၆)နှစ်၊ (ဘ) ဦးအုပ်ကြူ၊ ကျဘမ်းလုပ်၊ စာသင်ကျောင်းလမ်း၊ မြို့မ(၁)ရပ်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့နေသူ ၏ နေအိမ်တွင် ကျော်ဦးနှင့်အတူ လှမျိုးအောင်(၅၀)နှစ်၊ (ဘ)၊ ဦးသက်ဆွေ၊ကျဘမ်းလုပ်၊ စာသင်ကျောင်းလမ်း၊ မြို့မ(၁)ရပ်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့၊ ညီညီမျိုး (၁၉)နှစ်၊ (ဘ) ဦးကျော်ဝင်း၊ ကျဘမ်းလုပ်၊ ပြင်းငယ်ကျောင်းလမ်း၊ ပန်စရာရပ်၊ အလယ်ကျွန်းနယ်မြေ၊ မြိတ်မြို့နေသူနှင့် မျိုးဇော်ဦး(ခ) ရှေလ်းခန်း (၃၆)နှစ်၊(ဘ) ဦးမောင်မောင်၊ ကျဘမ်းလုပ်၊ စာသင်ကျောင်းလမ်း၊ မြို့မ(၁)ရပ်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့နေသူတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖမ်းဆီးရေးအဖွဲ့သည် သက်သေများနှင့်အတူ ကျော်ဦး၏ နေအိမ်အတွင်းရှာဖွေရာ နေအိမ်ခေါင်းရင်း ဘက်ပြတင်းပေါက်တံခါးအနီး ၀ါးထရံကြားတွင် ညှပ်ထားသော WYစာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၀၉)ပြား၊ အစိမ်းရောင်(၁)ပြား၊ စုစုပေါင်းဆေးပြား(၁၁၀)ပြား ကာလတန်ဖိုး(၅၅၀၀၀၀)ကျပ်အား လည်းကောင်း၊ ကျော်ဦး၊ လှမျိုးအောင်၊ ညီညီမျိုးနှင့်၊ မျိုးဇော်ဦး(ခ)ရှေလ်းခန်းတို့ ၀ိုင်းအတွင်းမှ ငွေစက္ကူ ရောရာ (၇၀၀၀၀)ကျပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုပြီးသော ဆက်စပ်ပစ္စည်းတို့အားလည်းကောင်း၊ နေအိမ်တံခါးဝအနီး ၀ါးထရံကြားတွင် ညှပ်ထားသော သစ်သားဒင်အနက်ရောင် သံကိုယ်ထည်ရှိသော 9MM- MUGER ပစ္စတိုဟုယူဆရသော သေနတ်(၁)လက်အားလည်းကောင်း၊ ၄င်းသေနတ်အနီး ချိတ်ဆွဲထားသော အနက်ရောင် ဦးထုပ်အတွင်းမှ 9MM- MUGER ကျည်(၆)တောင့်၊ သေနတ်ကျည်အိမ်တစ်ခု၊ အနက်ရောင် သေနတ်အိတ်(၁)ခုတို့အားလည်းကောင်း၊ နေအိမ်အောက်ထပ်မှ ကျော်ဦး မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသော နံပါတ်မပါ ရွှေလိုင်းအမျိုးအစားဆိုင်ကယ်(၁)စီးနှင့် ၅၁/ယ ၇၈၄၆၅ Click I အမျိုးအစား (၁)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဦးအားစစ်မေးရာ အခင်းမဖြစ်မီ နံနက်(၁၀၀၀)နာရီ အချိန်ခန့်က မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်ပြီး လွန်ခဲ့သော(၆)လခန့်မှ စ၍ ဆက်သွယ်သိရှိခဲ့ရသော မြင့်အောင်(အသက်၊ အဘအမည်-စုံစမ်းဆဲ)ဆိုသူထံမှ မူးယစ်ဆေးဝါးများနှင့်အတူ သေနတ်ကိုပါ ပေးအပ်ခဲ့ကြောင်း ထွက်ဆိုသိရှိရသဖြင့် လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးများအား ဖြန့်ဖြူးရောင်းချ သုံးစွဲနေသူ ကျော်ဦး၊လှမျိုးအောင်၊ ညီညီမျိုးနှင့်၊ မျိုးဇော်ဦး(ခ)ရှေလ်းခန်းနှင့် မြင့်အောင် (အသက်၊ အဘအမည်-စုံစမ်းဆဲ)တို့အား အရေးယူပေးရန် ဒုရဲအုပ် ထွန်းထွန်းနိုင်မှ ထိုနေ့ (၂၀၃၀)အချိန် တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်း မယ(ပ)၁၀၀/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/ ၂၁ အရအမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲအုပ် နိုင်စိုးထွဋ်မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြိတ်ခရိုင် သတင်းနှင့်မှုခင်းမီဒီယာ
မြိတ်မြို့ တွင် လက်နက်နှင့် မူးယစ်ဆေးဝါများ ဖမ်းမိ မြိတ်မြို့ တွင် လက်နက်နှင့် မူးယစ်ဆေးဝါများ ဖမ်းမိ Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.