ပြင်ဦးလွင်၌ ဗုံးဟောင်းတစ်လုံးပေါက်ကွဲ နှစ်ဦးသေဆုံး


ပြင်ဦးလွင် ဇွန် ၂၂

ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်း၌ ဇွန်၂၁ရက် မွန်းလွဲ၁နာရီခွဲက ဒုတိယရဲအုပ် အောင်ကိုမင်းသည် တာဝန်မှူး တာဝန်ထမ်းဆောင် နေစဉ် ပြင်ဦးလွင်မြို့နယ် သပြေကျင်းကျေးရွာအုပ်စု စည်သာရွာ၌ ဗုံးကွဲသည်ဟုသတင်းရရှိသဖြင့် စခန်းမှူးရဲအုပ် အောင်ဆန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊သပြေကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်လွင်၊ ရာအိမ်မှူး ဦးစိန်ပေါတို့သည် ယခင်ဖြစ်ပွားရာ နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေတွင်းတူးလုပ်ငန်းလုပ်ကိုင်သည့် ကျောက်ပန်းတောင်းမြို့နယ် စွန်ကုန်းရွာနေ ဖိုးဆည်(ခေါ်) ကျော်လွင်ဆည်၊ (၂၈)နှစ်သည် ဇူလိုင် ၂၁ရက်နံနက်က ပြင်ဦးလွင်မြို့နယ် ကျွဲနွားတောက်ကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာ အနီးတွင်းတစ်ခုအတွင်းမှ တွေ့ရှိခဲ့သည့် အမြင့် လေးလက်မခန့်၊ အနံတစ်လက်မခန့် အသုံးပြုပြီးခဲရောင်ဗုံးသီးဟောင်းတစ်လုံးကို ပြင်စာရွာ၏ အရှေ့မြောက်ဘက် ၉မိုင်၅ဖာလုံခန့်၊ သပြေကျင်းကျေးရွာအုပ်စု စည်သာရွာ၏တောင်ဘက် ၁မိုင်၎ဖာလုံအကွာ ဗုံမိကုန်းထိပ်ရှိ ဦးကျော်လွင်၊ (၅၃) နှစ်၏ တောင်သူတဲအတွင်းသို့ ယူဆောင်လာပြီး တဲအတွင်းစုပုံထားရှိသည့် မာကြောနေသော ဘိလပ်မြေအိတ်များပေါ်သို့ ပစ်တင်လိုက်ရာ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးကျော်လွင်တွင် ဒဏ်ရာချက်၊ ချက်၊ ဖိုးဆည်(ခ)ကျော်လွင်ဆည်တွင် ပြတ်ရှဒဏ်ရာ၊တို့နှင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ရပြီး တဲအတွင်းရှိ ရန်နိုင်ဦး (၂၄)နှစ်၊ ဝင်းမျိုးထွန်း (၂၁)နှစ်တို့မှာ ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဗုံးသီးဟောင်းကို ယူဆောင်လာပြီး ပေါ့လျော့စွာပစ်တင်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ့အသက်ဆုံးရှုံးစေခဲ့သူ ဖိုးဆည်(ခ) ကျော်လွင်ဆည်ကို ပြင်စာရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပြင်ဦးလွင်၌ ဗုံးဟောင်းတစ်လုံးပေါက်ကွဲ နှစ်ဦးသေဆုံး  ပြင်ဦးလွင်၌ ဗုံးဟောင်းတစ်လုံးပေါက်ကွဲ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.