ရဲတပ်ဖွဲ့ ဝင်အား ဓားနှင့်ခုတ်ခုခံတဲ့ လူသတ်တရားခံအား သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရမိ


အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး

လှိုင်းဘွဲ ဇွန် ၂၂

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆိတ်ဖူးကုန်းကျေးရွာ၊ ရွာလယ်ဇရပ်တွင် ဇွန်လ (၂၀)ရက်နေ့က အသက်(၈၂-နှစ်)အရွယ် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် အသတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ဖမ်းဆီးရမိရေးအတွက် လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြပ်မတ်၍ စခန်းမှူးဦးစီးသော ပူးပေါင်းအဖွဲ့ များဖြင်လိုက်လံဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် ညနေ ၄ နာရီခွဲက ဆိပ်ဖူးကုန်းရွာ၊ ဆင်ကူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ပွားသည် နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ သန်းဌေးဝင်းမှ လာရောက်အကြောင်းကြားချက် အရ ဦးစိန်သိန်းဆိပ်ဖူးကုန်းကျေးရွာနေသူအား တစ်ရွာတည်းနေ ကျားကြီး၊ (၄၅-နှစ်)၊ ရွာလယ်ဇရပ်တွင် ဓါးဖြင့်ထိုးသွားကြောင်း လာရောက်အကြောင်းကြားသဖြင့် လိုက်လံကြည့်ရှု့ရာ ဦးစိန်သိန်းမှာ ရွာလယ် ဇရပ်၏ ဘုရားစင်ရှေ့တွင် လဲကျနေသည်ကို တွေ့ရှိ၍ လှိုင်းဘွဲမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။


ထို့နောက် စခန်းမှူးဦးစီးအဖွဲ့မှ အခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးရာ အခင်းဖြစ်နေရာမှာ လှိုင်းဘွဲမြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် (၁၂)မိုင်ခန့်အကွာရှိ ဆိပ်ဖူးကုန်းကျေးရွာရှိ ရွယ်လယ်ဇရပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးဖြင့် အထိုးခံရသူမှာ အသက် ၈၂နှစ်အရွယ်ရှိ ဦးစိန်သိန်းဆိုသူဖြစ်ကာ အခင်းဖြစ်နေရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံး နေပြီဖြစ်ကြောင်း သိရှိရ၍ အလောင်းအား ရဲဆေးစာဖြင့် လှိုင်းဘွဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက်ပြစ်မှုကျူးလွန်သူအားလိုက်လံဖမ်းဆီးရာ အောက်ရေပူကျေးရွာရှိ လယ်ထဲတွင် ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ၀ိုင်းဝန်းထားပြီး အသာတကြည် အဖမ်းခံရန်စည်းရုံး ပြောဆိုရာ အဖမ်းခံခြင်းမရှိဘဲ ဓါးထုတ်ကာ နေအိမ်ပေါ်မှ ခုန်ချပြီး နေအိမ်အောက်ရှိ ရဲတပ်ကြပ်ကြီးအား ဓါးဖြင့် (၂)ချက်ခုတ်သဖြင့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ကာ ပြစ်မှုကျူးလွန်တိမ်းရှောင်နေသူအား သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီး ရမိခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့မှ ပြစ်မှုကျူးလွန်သူအား ရဲဆေးစာဖြင့် လှိုင်းဘွဲဆေးရုံကြီးသို့ ရဲဆေးစာဖြင့် တင်ပို့ကုသခဲ့ပြီး ကျားကြီးတွင် ရရှိသည့် သေနတ်ဒဏ်ရာမှာ စိုးရိမ်ရခြင်း မရှိကြောင်းသိရသည်။

ဓါတ်ပုံ  - ကရင်ပြည်နယ်ရဲတပ်ဖွဲ့
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရဲတပ်ဖွဲ့ ဝင်အား ဓားနှင့်ခုတ်ခုခံတဲ့ လူသတ်တရားခံအား သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရမိ ရဲတပ်ဖွဲ့ ဝင်အား ဓားနှင့်ခုတ်ခုခံတဲ့ လူသတ်တရားခံအား သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.