အဒေါ်ဖြစ်သူအား သတ်ပြီး ငွေ (၁၀) သိန်းနှင့် ရွှေများ ယူဆောင်ထွက်ပြေးလာသူ ဖမ်းဆီးရမိ

ငရုပ်ကောင်းမြို့ ပန်းမော်ရွာတွင် အဒေါ်ဖြစ်သူအား သတ်ပြီး ငွေ (၁၀) သိန်းနှင့် ရွှေများယူဆောင်ထွက်ပြေးလာသူ တရားခံအား ပုသိမ်မြို့တွင် ဖမ်းဆီးရမိ
(၁၆.၆.၂၀၁၇) ရက်နေ့ နံနက်ပိုင်းက ငရုပ်ကောင်းမြို့နယ် ပန်းမော်ရွာနှင့် ငန်းချောင်းရွာသို့သွားလမ်းဘေး ခြုံဘုတ်အတွင်း၌ လွန်ခဲ့သော (၃) ရက်ခန့်က ပန်းမော်ရွာမှ ပျောက်ဆုံး နေသော ဒေါ်ခင်သန်းအား ပုပ်ပွနေလျက်သေဆုံးနေသည့် အနေအထားဖြစ်တွေ့ရှိရပြီး ပျောက်ဆုံးစဉ်က ၄င်းနှင့်အတူ ပါသွားသော ငွေ (၁၀) သိန်း ဆွဲကြိုး ၁ ကုံး လက်စွပ် ၁ ကွင်းလည်း ပျောက်ဆုံးနေကြောင်းတွေရှိရပါသည်။


ယင်းအမှုအတွက် ငရုပ်ကောင်းရဲစခန်းမှူး ရဲအုပ် ရွှေဇံအောင် မှ ကျေးရွာအတွင်း မသင်္ကာသူများအား စုံစမ်းခဲ့ရာ လွန်ခဲ့သော (၂) ရက်ခန့်က ငန်းချောင်းကျေးရွာနေ မြင့်မြင့်ခိုင်သည် ရွာမှ ခရီးထွက်သွားကြောင်းနှင့် ပုသိမ်မြို့သို့ ရောက်ရှိနေပါက ကူညီစုံစမ်းပေးပါရန် ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်းထံသို့ ဆက်သွယ်အကြောင်းလာခဲ့သည်။


ထို့အတွက် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ သည် မြင့်မြင့်ခိုင် ဓါတ်ပုံဖြင့် ပုသိမ်မြို့ပေါ်အတွင်းလိုက်လံစုံစမ်းခဲ့ရာ ၁၇.၆.၂၀၁၇ ရက်နေ့ နံနက်ပိုင်းက ဂွမြို့သို့ ထွက်ပြေးရန် ပြင်ဆင်နေသော တရားခံ မြင့်မြင့်ခိုင် ၃၃ နှစ် (ဘ) ဦးချစ်အုန်း ငန်းချောင်းကျေးရွာနေသူအား နှင်းဝေလွင်တည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၄င်းမှာ အကြွေးများသောကြောင့် လူသူလစ်သည့်အချိန် အဒေါ်ဖြစ်သူအား ခြုံဘုတ်အတွင်း၌ ဝါးဆစ်ပိုင်းဖြင့် ရိုက်ကာ ၄င်းထံမှ ရွှေထည်များနှင့် ငွေများကိုယူဆောင်ထွက်ပြေးလာခဲ့ကြောင်း ဝန်ခံထွက်ဆိုပြီး သက်ဆိုင်ရာရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲတင်ပို့သွားမည် ဖြစ်ပါသည်။

ရဲအုပ် ဇော်မင်းထွန်း
အဒေါ်ဖြစ်သူအား သတ်ပြီး ငွေ (၁၀) သိန်းနှင့် ရွှေများ ယူဆောင်ထွက်ပြေးလာသူ ဖမ်းဆီးရမိ အဒေါ်ဖြစ်သူအား သတ်ပြီး ငွေ (၁၀) သိန်းနှင့် ရွှေများ ယူဆောင်ထွက်ပြေးလာသူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.