စာမေးပွဲကျသည့်အတွက် မြန်အောင်မြို့နယ်မှ ၁၀ တန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်


ဇွန်လ ၁၇ ရက် (မြန်အောင်)

စာမေးပွဲကျတဲ့အတွက် မြန်အောင်မြို့နယ်၊ ညောင်ခုံကျေးရွာမှ ၁၀ တန်းကျောင်းသူတစ်ဦးမှာ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်ကတော့ မြန်အောင်မြို့နယ်၊ အင်ပင်ရဲစခန်းအပိုင်း မျှင်ဝါးတောင်အုပ်စု ညောင်ခုံကျေးရွာက မခင်ရတနာဦး (၁၇ နှစ်) ဟာ သူမ တက်ရောက်နေတဲ့ ထူးကြီးအထက်တန်းကျောင်းမှာ
၁၀ တန်း အောင်စာရင်း သွားကြည့်ပြီးတဲ့နောက် စာမေးပွဲကျရှုံးတဲ့အတွက် အမြင့် ၆ ပေခွဲရှိတဲ့ နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချပြီး မိမိကိုယ်ကို သတ်သေခဲ့တာဖြစ်တယ်လို့ အင်ပင်ရဲစခန်းထံက သိရပါတယ်။

"စာမေးပွဲကျလို့ဆိုပြီး အခုလို ထုပ်တန်းမှာကြိုးဆွဲချ သတ်သေသွားတာ။ အိမ်သားတွေ သိတဲ့အချိန်မှာ အသက်မမှီတော့ဘူး"လို့ အင်ပင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၆ - ၁၇ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၈ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့တာမှာ ၂ သောင်းကျော်ပဲ အောင်မြင်ခဲ့ပြီး ကျောင်းသား ၆ သောင်းနီးပါး စာမေးပွဲကျရှုံးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayetimes/

စာမေးပွဲကျသည့်အတွက် မြန်အောင်မြို့နယ်မှ ၁၀ တန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင် စာမေးပွဲကျသည့်အတွက် မြန်အောင်မြို့နယ်မှ ၁၀ တန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင် Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.