ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ငါးဦးဒဏ်ရာရရှိပြီးလူတစ်ဦးသေဆုံး


မိတ္ထီလာ၊ဇွန် ၂၅

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်မကြီးမိုင်တိုင်အမှတ် (၃၁၁/၃)နှင့်(၃၁၁/၄)ကြား၌ ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ကမော်တော်ယာဉ်၏ရှေ့ယာဘက်ဘီးပေါက်ပြီးတိမ်းမှောက်မှုဖြစ်ပွား၍ ငါးဦးဒဏ်ရာရရှိပြီးလူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာဝမ်းတွင်းမြို့နယ် ကန်ပတ်လည်ကျေးရွာနေယာဉ်မောင်းနန်းတင် (၃၉)နှစ် မောင်းနှင်းသည့် ISUZU LIGHT TRUCK(CANDA) အမျိုးအစားအဖြူရောင် မော်တော်ယာဉ်အမှတ် YGN 9I/-----သည် ဒေါ်ကျင်ပွား(၆၀)နှစ်၊ ဒေါ်မီးနုတ်(၅၀)နှစ်၊ ဒေါ်ရီဌေး(၄၃)နှစ်၊ မသန္တာအောင် (၂၅)နှစ်၊မသက်သက်ဝေ(၃၅)နှစ်တို့ကိုတင်ဆောင်၍ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်နှင်းလာစဉ် မိုင်တိုင်အမှတ်(၃၁၁/၃)နှင့်(၃၁၁/၄)ကြားအရောက်၌ မော်တော်ယာဉ်၏ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲလမ်း၏ဝဲဘက်လမ်းလယ်ကျွန်းပေါ်သို့ တစ်ပတ်လည်တိမ်းမှောက်ခဲ့ပါသည်။


 ယာဉ်မောင်းနန်းတင်တွင် နဖူးပေါက်ပြဲဖူးရောင်၊ ယာလက်ဖျံပေါက်ပြဲ၊ လက်မောင်းရိုးကျိုး ဒဏ်ရာရှိပြီး ဒေါ်ကျင်ပွားတွင် နဖူးရောင်၊ ယာမျက်ခွံညိုမဲ၊ ဝဲပါးဖူးရောင်၊ ဝဲလက်ဖျံ၊ ဝဲယားဒူး၊ ယာခြေမပေါက်ပြဲ ၊ ယာလက်ခလယ်/လက်သန်းကြွယ်၊ လက်ညှိုးပြတ်ရှ၊ ယာခြေသလုံးပွန်းပဲ့ ဒဏ်ရာရှိခဲ့ပြီး မိတ္ထီလာခရိုင် အထွေထွေရောဂါကုဆေးရုံသို့ အတွင်းလူနာများအဖြစ် တင်ပို့ကုသထားရှိခဲ့ရာယင်းသို့တင်ပို့ကုသစဉ်ဒေါ်ကျင်ပွားမှာယင်းနေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်ခန့်က သေဆုံးသွားခဲ့ကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)
ဓါတ်ပုံ - Than Htay
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ငါးဦးဒဏ်ရာရရှိပြီးလူတစ်ဦးသေဆုံး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ငါးဦးဒဏ်ရာရရှိပြီးလူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.