ငွေနှင့် လက်ဝတ်ရတနာပစ္စည်း ငွေကျပ် ၁၉ သိန်းကျော်ဖိုး ခိုးယူသွားသူအား ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ


ရေတာရှည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာတွင် လက်သမားလုပ်ရင်း တည်းခိုနေထိုင်သည့် အိမ်ပေါ်မှ ငွေ၊ လက်ဝတ်ရတနာနှင့် အဝတ်အထည် အသုံးအဆောင်ပစ္စည်း ငွေကျပ် ၁၉ သိန်းကျော်ဖိုး ခိုးယူသွားသူအား ရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်၍ ရက်ပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ္စည်းခိုးယူသွားသူအား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၂၂ ရက် ညပိုင်းက ဆွာနယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။

အမှုမှာ ဇွန် ၂၁ ရက် နံနက်ပိုင်းက သိုင်းဝကျေးရွာနေ ဦးကျော်ငြိမ်းသည် လက်ဝတ်ရတနာများ ထည့်ထားသည့်အိတ်ကို ခေါင်းရင်း၌ထားပြီးအိပ်ရာဝင်ခဲ့ရာ အဆိုပါ အိတ်မှာ ပျောက်ဆုံးလျက်ရှိပြီး အတွင်း၌ ငွေကျပ် နှစ်သိန်းခွဲအပြင် လက်ဝတ်ရတနာများ၊ အဝတ်အထည် အသုံးအဆောင်ပစ္စည်း စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၉၁၃ဝဝဝ ခန့် ပါရှိသွားပြီး ဘုန်းတော်ကြီးကျောင်းတွင် လက်သမားအလုပ် လာရောက်လုပ်ကိုင်ရင်း နေအိမ်၌တည်းခိုနေထိုင်သူ အောင်ဆန်းဦး (၃ဝ နှစ်) အုန်းတောစုကျေးရွာ သာယာဝတီမြို့နေသူမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း ဆွာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

စခန်းမှူး ရဲအုပ် ညီညီဌေးက ဆက်လက်စုံစမ်းခဲ့ရာ အောင်ဆန်းဦးသည် ¤င်း၏မိဘများနေထိုင်ရာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လက်ပံနွယ်ကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းအရ ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့အား ဆက်သွယ်အကြောင်းကြား ခဲ့ရာ ပွင့်ဖြူမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင်များက သွားရောက်စုံစမ်းစဉ် အောင်ဆန်းဦး ကို ဖမ်းဆီးနိုင်ခဲ့သည်။ အောင်ဆန်းဦးအား လွှဲပြောင်းလက်ခံရယူပြီး ဆက်လက်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံ၍ သက်သေခံပစ္စည်းများ ကို အပ်နှံခဲ့သဖြင့် ၄င်းအား ဆွာနယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရ သည်။

ကိုလွင် (ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငွေနှင့် လက်ဝတ်ရတနာပစ္စည်း ငွေကျပ် ၁၉ သိန်းကျော်ဖိုး ခိုးယူသွားသူအား ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ ငွေနှင့် လက်ဝတ်ရတနာပစ္စည်း ငွေကျပ် ၁၉ သိန်းကျော်ဖိုး ခိုးယူသွားသူအား ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.