မန္တလေးဘက်မှ လူသတ်တိမ်းရှောင်သူအား မိုးညှင်းမြို့ နန့်စီးအောင်စုပေါင်းဂိတ်တွင် ဖမ်းဆီးမိ


ဇွန်-၂၆ရက်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ပရိဘောဂစက်ရုံရှေ့မှာ ဇနီးဖြစ်သူ အမျိုးသမီး ကို သတ်ခဲ့ ပြီး တိမ်းရှောင်သည်ဟု သံသယ၀င်သူအား ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းနယ်စပ် ရှိ စစ်ဆေးရေးဂိတ်တွင် မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါ တံခွန်တိုင် ပရိဘောဂစက်ရုံရှေ့တွင် ဇနီးဖြစ်သူအမျိုးသမီးကို သတ်ခဲ့ပြီး တိမ်းရှာင်နေခဲ့ သူ ၀င်းမြင့်အောင်(ခ)လှနေမိုး ဆိုသူကို ဇွန်၂၅ရက်နေ့ ည ၁၀နာရီတွင် မန္တလေးမှ တနိုင်းဘက်သို့ ထွက်ခွာလာသည့် ယာဉ်အမှတ် -9J/9142 မန္တလေး- တနိုင်းခရီးသည်တင် မနောရတနာကား အား စစ်ဆေးခဲ့စဉ် တွေ့ရှိခဲ့ကြောင်း သိရသည် ။


အဆိုပါ ၀င်းမြင့်အောင်သည် ၎င်း၏ ၄လခန့်ကွဲကွာနေသူ ဇနီးဖြစ်သူ မစုကြည်အား ပြန်လည်ပေါင်းသင်းရန်ပြောခဲ့သော်လည်း ဇနီးဖြစ်သူမှ မပေါင်းသင်းနိုင်ကြောင်းပြောခဲသဖြင့် ဓားဖြင့်ထိုးသတ်ခဲ့ရာ (ပ)၅၀၅ ရာဇသတ်ကြီးပုဒ်မ -၃၀၂ဖြင့် ပြည်ကြီးတံခွန်ရဲစခန်းမှ အမှုဖွင့်ခဲ့သော်လည်း ၀င်းမြင့်အောင်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

 မိုးညှင်းရဲစခန်းမှ ဖမ်းဆီးမိခဲ့သူ ၀င်းမြင့်အောင်အား မိုးညှင်းမြို့မရဲစခန်းတွင် မြို့နယ်မှူးရဲတပ်ဖွဲ့မှူး ရဲမှူး စိုင်းကျော်မျိုးဦး၏ ခွင့်ပြုချက်အရ မန္တလေးပြည်ကြီးတံခွန်ရဲစခန်းသို့ ဇွန်၂၆ရက်နေ့လည် ၁၀နာရီခန့်က ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Than Htun Aung
မန္တလေးဘက်မှ လူသတ်တိမ်းရှောင်သူအား မိုးညှင်းမြို့ နန့်စီးအောင်စုပေါင်းဂိတ်တွင် ဖမ်းဆီးမိ မန္တလေးဘက်မှ လူသတ်တိမ်းရှောင်သူအား မိုးညှင်းမြို့ နန့်စီးအောင်စုပေါင်းဂိတ်တွင် ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.