လိပ်ရမြောက်ရွာ ဗလီအတွင်း ဝတ်ပြုနေသူ တစ်ဦးလှံဖြင့် အထိုးခံရ


ဇွန် ၂၆၊၂၀၁၇

မောင်တောမြို့နယ် လိပ်ရကျေးရွာအုပ်စု လိပ်ရမြောက်ရွာနေ နိုရိုဆလမ် ၃၄ နှစ်သည် ဇွန် ၂၆ ရက်နံနက် ၅ နာရီတွင် ကျေးရွာဗလီ၌ ဝတ်ပြုနေစဉ် တုတ်၊လှံများကိုင်ဆောင်ထားသည့် တစ်ရွာတည်းနေ ကျေးရွာသား ၆ ဦး ဝင်ရောက်လာပြီး နိုရိုဆလမ်အား ဖမ်းဆီး၍ မော်လဝီ ဟာဒူအူလာက လှံဖြင့်ထိုးသဖြင့် ဝဲလက်ပြင်နှင့်နောက်ကျောတို့တွင် ဖောက်ဝင် ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာရရှိသူ နိုရိုဆလမ်သည် ထွက်ပြေးလွတ်မြောက်လာပြီးလိပ်ရစခန်းသို့ ဖုန်းဆက်သတင်းပို့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိပ်ရမြောက်ရွာသို့သွားရောက်ရှင်းလင်းခဲ့ရာ တရားခံများသည် ထွက်ပြေးတိမ်းရှောင်သွားကြသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိသူအား မောင်တောဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထွက်ပြေးသွားသူ များကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
လိပ်ရမြောက်ရွာ ဗလီအတွင်း ဝတ်ပြုနေသူ တစ်ဦးလှံဖြင့် အထိုးခံရ လိပ်ရမြောက်ရွာ ဗလီအတွင်း ဝတ်ပြုနေသူ တစ်ဦးလှံဖြင့် အထိုးခံရ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.