အမြန်​လမ်းတွင်​ ယာဉ်​နှစ်​စီးတိုက်​မှုဖြစ်​ပွား


နေပြည်​​တော်​၊ဇွန်​-၂၈

ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၁၁၈/၃ နှင့်​ ၄ အကြား ​နေပြည်​​တော်​မှ မန္တ​လေးဘက်​သို့​ယာဉ်​​မောင်း သန်​ဇင်​​အောင်​ ​မောင်းနှင်​လာ​သော Hondna fit ​မော်​​တော်​ယာဉ်​သည်​ ယ​နေ့ နံနက်​ ၅ နာရီ ၁၀ မိနစ်​က ယာဘက်​ဘီး​ပေါက်​၍ အရှိန်​မထိမ်းနိုင်​ဘဲ လမ်းလယ်​ကျွန်း ​ကျော်​တက်​ပြီး တဖက်​ယာဉ်​​ကြောသို့​ရောက်​ရှိစဉ်​ ရန်​ကုန်​ဘက်​မှ ​နေပြည်​​တော်​ဘက်​သို့ယာဉ်​​မောင်း ရဲမိုး ​မောင်းနှင်​လာ​သော Caldina ယာဉ်​နှင့်​ တိုက်​မိခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ Honda fit ယာဉ်​​ပေါ်ပါရှိ ယာဉ်​​မောင်းပါ အမျိုးသား နှစ်​ဦး၊အမျိုးသမီးတစ်​ဦး​ပေါင်း သုံးဦးအနက်​၊အမျိုးသားတစ်​ဦး၊အမျိုးသမီးတစ်​ဦး နှင့်​Caldina ယာဉ်​​ပေါ်ပါရှိသူ အမျိုးသားတစ်​ဦး ၊အမျိုးသမီးနှစ်​ ဦး အနက်​ အမျိုးသမီးနှစ်​ဦး၊ယာဉ်​နှစ်​စီး​ပေါ်မှ စုစု​ပေါင်း ၄ ဦး ဒဏ်​ရာရရှိခဲ့သည်​။ဒဏ်​ရာရရှိသူများအား ဖြူးအမြန်​လမ်းရဲတပ်​ဖွဲ့ပိုင်​​မော်​​တော်​ယာဉ်​ဖြင့်​ဖြူး​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့ရသည်​။


သို့ပါ၍ယာဉ်​အားအဆင်​မခြင်​​၊​ပေါ့ဆစွာမောင်းနှင်​သူ Honda fit ယာဉ်​​မောင်းအားဖြူးအမြန်​လမ်းရဲတပ်​ဖွဲ့စခန်းမှ အမှုဖွင့်​အ​ရေးယူထား​ကြောင်း သိရသည်​။

သန်းဦး (​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
အမြန်​လမ်းတွင်​ ယာဉ်​နှစ်​စီးတိုက်​မှုဖြစ်​ပွား အမြန်​လမ်းတွင်​ ယာဉ်​နှစ်​စီးတိုက်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.